ဘယ်သူမှ မထင်မှတ်ထားတဲ့အရာတွေကိုတွေ့ရှိဖို့အတွက် ကံမေကာင်းနိုင်ကြပါဘူး။ ဒါပေမဲ့ တချို့လူတွေကတော့ မထင်မှတ်ထားလောက်အောင် ကံကောင်းပြီး မျှော်လင့်မထားတဲ့ ပစ္စည်းတွေကို တွေ့ရှိခဲ့ကြတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကိုယ်တိုင်ရော အဲ့လိုမျိုး မထင်မှတ်ထားလောက်အောင် ပစ္စည်းတွေကို တွေ့ရှိခဲ့ဖူးပါသလား။ ခုဆိုရင်တော့ သူတို့ရဲ့ တွေ့ရှိခဲ့တဲ့ဟာတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။ 

Nokia Phone Or Fossil

ပုံကိုအနီးကပ်ကြည့်ရင် ပရိသတ်ကြီးအားလုံးတွေ့ကြမှာပါ။ Nokia ဖုန်းတွေဘယ်လောက်တောက်ကြာရှည်ခံလဲဆိုတာကို သိကြပြီးမလား...။ 

Dollar

ပုံပါလူအတွက်ကတော့ အဲ့ပိုက်ဆံကိုတွေ့ရှိခဲ့တာ တော်တော်ကံကောင်းတဲ့သူပါပဲ။ အဲ့ပိုက်ဆံ သက်တမ်းဟာဆိုရင် ၉၄နှစ်ရှိနေပါပြီ။

Giant Pearl

တစ်ရက်မှာ ငါးဖမ်းသမားတစ်ယောက်က အဲ့ဒီ ကြီးမားလှတဲ့ ပုလဲကိုတွေ့ရှိခဲ့တာဖြစ်ပြီး မယုံကြည်နိုင်စရာကောင်းခဲ့ပါတယ်။ ၃၄ ကီလိုဂရမ်လေးပြီး ဒေါ်လာသန်း၁၀၀ တန်ဖိုးရှိပါတယ်။

Dinosaur

လူတစ်ယောက်က သူ့ပန်းခြံကို မြေတူးရင်တူးရင် ခုပုံပါအတိုင်း Toy Story ထဲက ဒိုင်နိုဆောနဲ့ ကပ်နေတဲ့ ကျောက်တွေကို တွေ့ရှိခဲ့ပါတယ်။

Message Bottle

လူတော်တော်များများက ပုလင်းထဲကိုစာထည့်ပြီး ပင်လယ်ထဲကို ပစ်လေ့ရှိပါတယ်။ ပုံပါလူကလဲ အဲ့ဒီဟိုးခေတ်ကစာနဲ့ ပုံစံတူ ပုလင်းတစ်ပုလင်းကိုတွေ့ရှိခဲ့ပါတယ်။ ရတနာသိုက်မြေပုံများလားမသိဘူး...။

Source : Bloggers Arena 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။