လူတိုင်းမှာ အကြောင်းကိစ္စတစ်ခုခုကြောင့် မျက်ရည်ကျတက်ကြပါတယ်။ တချို့က အသည်းကွဲလိုဖြစ်ပြီး တချို့ကကျတော့ ပျော်ရွှင်တာလွန်သွားတာကြောင့်ပဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ လူတိုင်းမှာ နှလုံးသားရှိတာပါပဲ...အဲ့နှလုံးသားက ခံစားတက်တာမို့ မျက်ရည်ကျရတာမဆန်းပါဘူး။ ခုဆိုရင်လဲ ကိုယ့်နှလုံးသားကို အရည်ပျော်သွားစေမဲ့ ပုံတွေကို ဖော်ပြလိုက်ပါတယ်။ 

Boy Crying On His Parents Wedding

နှလုံးသားကို နွေးထွေးမှုအများဆုံးဖြစ်ပေါ်တာကတော့ ကိုယ့်မိဘတွေ ထပ်မံမင်္ဂလာဆောင်တာပါကိုပဲ။ ခုဆိုရင်လဲ ပုံပါကောင်လေးက သူ့မိဘတွေ ထပ်ပြီး မင်္ဂလာဆောင်တာကြောင့် ခုလို ပီတိဖြစ် ပျော်ရွှင်မျက်ရည်ကျနေတာပဲဖြစ်ပါတယ်။ 

This Dog Raising The Ducks

ပုံထဲကခွေးလေးကတော့ ဘဲလေးတွေကို ငယ်ငယ်ကတည်းက သူ့နည်းသူ့ဟန်နဲ့ ဂရုစိုက်ပေးခဲ့တာဖြစ်ပြီး ကြီးလာတဲ့အခါမှာ ဘဲတွေကလဲ မျိုးမတူမှန်းသိပေမဲ့ သူတို့အမေလိုပဲ နောက်ကနေ တကောက်ကောက်လိုက်နေခဲ့ပါတယ်။

Graduation Letter

မိန်းကလေးတစ်ယောက်ဟာဆိုရင် သူမဘွဲ့ယူတဲ့နေ့မှာ စာတစ်စောင်းကိုရရှိခဲ့ပြီး သူမရဲ့ နှလုံးကိုထိစေခဲ့ပါတယ်။ အကြောင်းကတော့ သူမအဖွားဟာ လွန်ခဲ့တဲ့ ၁၄နှစ်ကတည်းက သူမအတွက် ဘွဲရရင်ဂုဏ်ပြုပေးဖို့ ရေးခဲ့တဲ့စာတစ်စောင်းကြောင့်ပဲဖြစ်ပါတယ်။ အဲ့လိုမျိုး စာကိုကြိုတင်ရေးခဲ့တာဟာ အဖွားအနေနဲ့ ကြာကြာမနေရတော့ဘူးဆိုတာ သိနေခဲ့လိုပါပဲ။

Playmate

ကလေးလေးမှာဆိုရင် အရမ်းကိုဆိုးရွာတဲ့ ရောဂါတစ်ခုရှိနေပြီး သူကို့အသက်ဆက်ရှင်ချင်ပါက ပျော်ရွှင်အောင်အမြဲထားဖို့ပဲဖြစ်ပါတယ်။ အာ့ကြောင့်လူတွေကလဲ တစ်ရက်ပြီးတစ်ရက်သူ့ကို အမျိုးမျိုး ပျော်ရွှင်အောင်လုပ်ပေးကြပါတယ်။

Mama And Her Kids

အမေတစ်ယောက်ဖြစ်ရတဲ့ ခံစားချက်ဟာ အစားထိုးမရနိုင်အောင် ကောင်းမွန်တဲ့ ခံစားချက်တစ်ခုပဲဖြစ်ပါတယ်။ ခုဆိုရင်လဲ ခွေးလေးက အမေတစ်ယောက်ဖြစ်ရတဲ့အတွက် ဂုဏ်ယူကာ သူ့ခွေးလေးတွေ အိပ်နေတာကို ထိုင်ကြည့်နေတာပဲဖြစ်ပါတယ်။ အမေဆိုတာ ပရိသတ်တွေအားလုံးသိကြတဲ့အတိုင်း အစားထိုးမရတဲ့သူပါ...ကျေးဇူးဆပ်မကုန်တဲ့သူပါ။ 

Source : Bloggers Arena 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။