ပရိသတ်ကြီးရေ အကယ်ဒမီသုံးထပ်ကွမ်းဆုရှင်လေး ဖွေးဖွေးကတော့ မြန်မာပြည်မှာလျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားပြီး ပရိသတ်တွေရဲ့ချစ်မြတ်နိုးခြင်းကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဖွေးဖွေးကအနုပညာလောကထဲကို ဟိုးအရင်ကတည်းက စတင်ဝင်ရောက်လာခဲ့တာကြောင့် ဆယ်စုနှစ်တစ်စုထက်တောင်ကျော်နေလောက်ပါပြီနော်။ဖွေးဖွေးရဲ့ အနုပညာအရည်အသွေးတွေကတော့ တစ်နှစ်ထက်တစ်နှစ် ပိုပိုတိုးလာပြီး ပရိသတ်တွေကတော့ အမြဲချီးကျူးနေရပါတယ်။

ဖွေးဖွေးက ဖြူဖြူဖွေးဖွေးသေးသေးလေးနဲ့ အရမ်းချစ်စရာကောင်းတဲ့အပြင် စိတ်ထားလေးကပါဖြူစင်တတ်တော့ လူချစ်လူခင်ကလည်း အရမ်းပေါများပါတယ်။ဖွေးဖွေးက သူမရဲ့အသိုင်းအဝိုင်းမှာ အရမ်းသဘောကောင်းတဲ့သူတစ်ယောက်လို့ပြောကြပြီး ပရိသတ်တွေကိုလည်း သူမက ဖော်ဖော်ရွေရွေနဲ့ဆက်ဆံပါတယ်နော်။ဖွေးဖွေးကတော့ အခုဆိုရင် အသက်၃၁နှစ်အရွယ် မိန်းမပျိုလေးတစ်ယောက်ဖြစ်ပြီး လူလတ်ပိုင်းကိုရောက်ရှိနေပါပြီနော်။

ဖွေးဖွေးက အသက်၃၁နှစ်ပေမယ့်လည်း နုပျိုမှုတွေက အံမခန်းနိုင်အောင်ပေါ်လွင်နေတာကြောင့် ဆယ်ကျော်သက်လေးလို့ လှပပြီး တက်ကြွလန်းဆန်းနေတာကို ပရိသတ်ကြီးလည်း တွေ့မြင်ရမှာပါနော်။ဖွေးဖွေးကတော့ ဟိုးအရင်တုန်းကလို ပိန်ပိန်သေးသေးလေးမဟုတ်တော့ဘဲ ပြည့်ပြည့်လေးနဲ့ချစ်စရာကောင်းတာပြီး နေကြာပန်းခင်းကြီးထဲရောက်သွားသလို ဖွေးရဲ့အလှအပတွေကိုတွေ့မြင်ရမယ့် ပုံရိပ်လေးကို မျှဝေပေးလိုက်ပါရစေနော်။

Source:Phway Phway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။