အကယ်ဒမီ မို့မို့မြင့်အောင်ကတော့ မြန်မာရုပ်ရှင်လောကရဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်ပြီး အောင်မြင်မှုပေါင်းများစွာကို ရရှိပိုင်ဆိုင်ခဲ့သူပဲဖြစ်ပါတယ်။သူမကတော့ အကယ်ဒမီဆုပေါင်များစွာကိုရရှိထားတဲ့ စွယ်စုံရ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။သူမကတော့ ပရိသတ်တွေရဲ့ရင်ထဲကိုရာစုနှစ်ပေါင်းများစွာ နေရာယူထားတဲ့ ပရိသတ်အချစ်တော်အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

အကယ်ဒမီမို့မို့မြင့်အောင်ဆိုတာ အမြဲတမ်းလှပနှပျိုနေတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အာပေးမှုကို အခိူင်အမာရရှိခဲ့သူလေးပဲဖြစ်ပါတယ်။ အနုပညာလုပ်ငန်းတွေ လှုပ်ရှားခဲ့တဲ့ ကာလတစ်လျှောက်လုံး ယခုအချိန် သူမရဲ့ အလှအပကို ထိန်းသိမ်းထားနိုင်တဲ့မင်းသမီးတစ်ဦးဆိုလဲ မမှားပါဘူး။ 

ယခုမှာတော့ အကယ်ဒမီမို့မို့မြင့်အောင်ဟာ သားတပည့် သမီးတပည့် တွေဖြစ်ကြတဲ့စည်သူဝင်း ရှင်မွေလ ခေးဆက်သွင် ဝေလာရီတို့လာရောက်ကန်တော့လို့ ဝမ်းသားပီတိဖြစ်ခဲ့ရပါတယ်။သူမကတော့ " ချစ်ခင်လေးစားတန်ဘိုးထားရပါသောပရိသတ်ကြီးနှင့်we love သဲသဲတုံတို့ရှင် ဒီနေ့ မို့ မွန်းမံသင်တန်ပေးထားတဲ့နှင်းဆီ ဇတ်လမ်းတွဲမှာ ပါဝင်ကြတဲ့ မို့ ရဲ့သားတပည့် သမီးတပည့် တွေ လာကန်တော့ကြတော့ ဆရာဆိုတဲ့စိတ်ထက် မိခင်မေတ္တာတွေပိုနေပါတယ်။ မို့သား သမီးလေးတွေရဲ့နှင်းဆီကိုသရုပ်ဆောင်မူ့တွေပြောင်းလဲသလားတိုးတက် သလား ဆိုတာ အားပေးကြပါ။နှင်းဆီမှာပါတဲ့၄ယောက်ကတော့

စည်သူဝင်း ရှင်မွေလ ခေးဆက်သွင် ဝေလာရီ တို့ပါဘဲရှင်။"ဆိုပြီးရေးသားထားခဲ့ပါတယ်။

source:မို့မို့မြင့်အောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။