ပရိသတ်ကြီးရေ မင်းသားချောလေးသူရိယကိုတော့ ဟိုးအရင်တုန်းက စိန်ဘယက်ကြော်ငြာနဲ့ ပရိသတ်တွေကသတိထားမိလာတာဖြစ်ပါတယ်။နောက်ပိုင်းမှာလည်း သူရိယက အနုပညာကိုဝါသနာပါသူဖြစ်လို့ ဖြည်းဖြည်းချင်းလုပ်ဆောင်ကာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်လာတာကိုတွေ့ရပါတယ်။ကြော်ငြာအများအပြားမှာလည်း သူရိယကိုပရိသတ်ကြီးက တွေ့မြင်နေရမှာပါနော်။

သူရိယရဲ့ယောကျ်ားပီသတဲ့ချောမောခန့်ညားခြင်းတွေကလည်း ပျိုမဒီလေးတွေကြားအရမ်းရေပန်းစားပါတယ်နော်။သူရိယကတော့ ပရိသတ်တွေရဲ့ လက်ခုပ်သံကိုရရှိထားပြီး အသက်ငယ်ငယ်လေးနဲ့ အနုပညာလောကမှာ နေရာတစ်နေရာနဲ့ရပ်တည်နေတာဖြစ်ပါတယ်။ပရိသတ်တွေကလည်း သူရိယရဲ့အနုပညာလှုပ်ရှားမှုတိုင်းမှာ အားပေးကြပြီး တစ်ခဲနက်ကိုဝန်းရံနေကြတာဖြစ်ပါတယ်။

သူရိယကတော့ ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရှင်းစွာနေထိုင်တတ်ပြီး လူကြီးသူမတွေအပေါ်မှာ ဂါရဝတရားနားလည်တတ်တဲ့သူဖြစ်ပါတယ်။အခုဆိုရင်တော့ သူရိယက တိုင်းရင်းဆေးသံတမန်အဖြစ်ခံအပ်ခံရလို့ များစွာဂုဏ်ယူဝမ်းမြောက်နေရပြီး ပရိသတ်တွေကလည်း သူရိယအတွက်ပီတိလေးတွေဖြစ်ကြပါတယ်။ဒီနေ့လေးမှာ တိုင်းရင်းဆေးသံတမန်အဖြစ်ခံအပ်ခံလိုက်ရတဲ့ သူရိယရဲ့အမှတ်တရပုံရိပ်လေးကို မျှဝေပေးလိုက်ပါရစေနော်။

Source:Thuri Ya

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။