"အချစ်ကိုသိချိန်"၊ "ငါ့အကြောင်းနဲ့ငါ့ကံ" ဆိုတဲ့သီချင်းတွေကို ပရိသတ်တွေရင်ထဲရောက်အောင် သီဆိုခဲ့တဲ့ အဆိုတော်မီးမီးခဲကို အားလုံးပဲသိကြမှာပါ...။ သိပ်မကြာခင်ကထွက်ရှိထားတဲ့ "ငါ့ရဲ့မျက်ဝန်းညို" ဆိုတဲ့ တေးသီချင်းဗီဒီယိုလေးကိုလည်း ကြိုက်နှစ်သက်ခဲ့ကြမယ်လို့ယုံကြည်ပါတယ်...။ စိတ်မကောင်းစွာနဲ့ပဲ အဆိုတော်မီးမီးခဲက ကင်ဆာရောဂါဝေဒနာကို ခံစားနေရတာဖြစ်ပါတယ်.....။

ကင်ဆာရောဂါကို ခံစားနေရပေမယ့် သူမကိုအားပေးတဲ့ ပရိသတ်ကြီးအတွက် အနုပညာအလုပ်တွေကို တတ်နိုင်သလောက်ကြိုးစားဖန်းတီးပေးနေပြီး ဘဝကြီးကို ပျော်ရွှင်စွာဖြတ်သန်းနေတာဖြစ်ပါတယ်....။ သူမရဲ့သတင်းကို ကြားပြီးနောက်ပိုင်း ကင်ဆာဖြစ်နေတဲ့ဘဝတူတွေများစွာ လာရောက်နှုတ်ဆက် အပြန်အလှန်ဖေးမဖြစ်တဲ့ အကြောင်းကို post တင်ပြီးပြောပြထားတာဖြစ်ပါတယ်....။

"ကျွန်မတို့ ဘဝတွေကို ကျွန်မတို့ပဲပို သိခံစားနိုင်ကြတယ်.....အခု ပထမဆုံးခွန်အားပေးချင်တာ နိုင်ငံခြားမှာမကုရလို့အားမငယ်ပါနဲ့လို့....."ဆိုပြီးပြောထားတာပါ....။ "တကယ်တော့ ကင်ဆာ သမားတွေရဲ့အသက်ရှင်ဖို့အဓိက သော့ချက်က စိတ်ဓါတ်လုံးဝအကျမခံဖို့ပါပဲ..."၊ "အဓိက စိတ်ဖိစီးမှုလုံးဝမခံဖို့လိုပါတယ်နော်"၊ "အဲ့ဒီstressတွေက လူကိုသေတွင်းဆွဲချ သွားတာပါပဲ"၊ "ဘာသာရေး ဘက်ကို ဦးတည်ပါ....၊ စိတ်ငြိမ်သက်ပျော်ရွှင်ဖို့လဲ အင်မတန်မှအရေးကြီးပါတယ်"ဆိုပြီး သူမရဲ့ အတွေ့အကြုံနဲ့ရင်းကာ အရေးကြီးတဲ့အချက်တွေပြောခဲ့တာဖြစ်ပါတယ်....။ "ကျွန်မ Aussie မှာ နေတာကိုပျောက်မှာပေါ့ လို့မထင်လိုက်ပါနဲ့"၊ "ဆရာဝန်တွေက စဖြစ်ကတည်းက သေမယ်ပဲပြောခဲ့တာပါ"၊ "ကျွန်မ စဖြစ်တဲ့အချိန်လေးပဲ ယူကြုံးမရတာလောက်ပဲရှိပေမယ့်....၊အချိန်မှီ ပြန်ထနိုငိခဲ့ပါတယ်.."၊ "ကီမို သွင်းတော့လဲ ဆံပင်တွေကျွတ် ငိုရပြန်တာပေါ့..."၊ "အဲ့ဒီအချိန်တုန်းကဆို မှန်တောင်မကြည့်ရဲဖူး"၊ ဒါပေမယ့် ကျွန်မကဘုရားရှိခိုးရတာကို အင်မတန်မှ မြတ်နိုးတတ်သူဖြစ်ပါတယ်"၊ "ဆုတောင်းကျမ်းစာဖတ် တရားဟောချက်တွေကို နားထောင်ခဲ့ပါတယ်..."၊ "စိတ်ကို အလွင့်မခံဖို့ အရေးကြီးပါတယ် စိတ်ညစ်သွားတာနဲ့အစားမစားချင်တော့တာပါပဲ...."၊ "ကင်ဆာဆေးက အရသာမဲ့ပါတယ်...ဘာစားစား ဘာမှကို မသိတာပါ"၊ ဒါပေမယ့် ကျွန်မကတော့ မျက်စိမှတ်ပြီး မနက်နေ့လည် ညစာ ပုံမှန်စားပါတယ်ဆိုပြီး....စားသောက်ပုံတွေကိုလည်း အသေးစိတ်ဖော်ပြထားပါတယ်နော်...။ "မနက် နိုးတာနဲ့ ရေ အဝသောက်တယ်၊ Vitamin C ရေဆူဆေးပြား ၁ ခု၊ နို့နဲ့Cereal ( သကြားမပါ) စားတယ် ဒါမှမဟုတ် ပေါင်မုန့်ညို နဲ့စတော်ဘယ်ရီယို ၂ ချပ်၊ ဌက်ပျောသီး တစ်လုံး၊ လိမ္မော်သီး တစ်လုံး၊ နေ့လည်စာကတော့ ထမင်းစားပါတယ်၊ ကြိုက်တဲ့ဟင်းတစ်မျိုးနဲ့ အရွက်တွေ၊အသီးအနှံတွေကို ပိုစားပါတယ်၊ ထမင်းကို လက်ဖက်ရည်ခွက် တစ်ခွက်စာပဲစားပါတယ်....၊ ဟင်းချိုအမြဲသောက်ပါတယ်၊ ကြက်သားပြုတ်ရည်ကို အမြဲသောက်တယ်၊ အဲ့ဒီအထဲကိုအမျိုးမျိုး ထည့်သောက်ဖြစ်ပါတယ်၊ အများအားဖြင့် အပ်မှိုနဲ့ သောက်တာများပါတယ်...၊ အစားများတဲ့အသီးအနှံတွေက ရုံးပတေသီး၊ ဆလပ်ရွက်၊ ပန်းကော်ဖီ အစိမ်း၊ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ကိုက်လန်၊ ကန်ဇွန်းရွက်၊ သင်္ဘောသီးအစိမ်းပြုတ်၊ ကြက်ဟင်းခါးသီးတို့ပဲဖြစ်ပါတယ်...။ ညနေစာထမင်းမစားပါဖူးနော်...၊ အသီးတွေကို ကြိတ်ပြီးသောက်ပါတယ် စပျစ်သီး၊ မုန်လာဥနီ blueberry၊ resberry၊ rock melons၊ beetroot အရွက်တွေကို သုတ်စားဖြစ်ပါတယ်၊ သဘောင်္ရွက်ကြိတ်တဲ့ အရည်ကိုညတိုင်းသောက်ပါတယ်တဲ့နော်.....။ ဆနွေး အလုံး၅ လုံးကိုညနေတိုင်း သောက်ပါတယ်၊ ကျွန်မကတော့ အသားလျော့စားတယ်၊ ထမင်းကို တနပ်ပဲစားတယ်အဆီနဲတာရှောင်စားတယ်၊ အချိုလဲ သိပ်မစားဖြစ်ဘူး တခါတလေတော့လဲ နဲနဲပါးပါးစားပါတယ်၊ ဒီလောက်ပါပဲ...." ဆိုပြီး သူမရဲ့ နေထိုင်မှုပုံစံတွေကို ပြောပြခဲ့တာဖြစ်ပါတယ်...။ "တရက်ကို တရေးတော့ရအောင် အိပ်ပါတယ်....၊ အရေးကြီးဆုံးက က အရမ်းအပင်ပန်းမခံဖို့ပါပဲ၊ အချိန်မှန်အိပ် အချိန်မှန်စားနိုင်ရင် တော့ အကောင်းဆုံးပါပဲ၊ ဝမ်းလဲမှန်ဖို့လိုပါတယ်...၊ နေ့တိုင်း ပုံမှန်အားဆေး ၁လုံးနဲ့ Vitamin D အားဆေး ၁လုံး သောက်ပါတယ်..." ဆိုပြီး ကင်ဆာရောဂါဝေဒနာခံစားနေရသူတွေကို အမြန်ဆုံးသက်သာပျောက်ကင်းအောင် သူမရဲ့ ကုသလာရတဲ့ အတွေ့အကြုံနဲ့ရင်းပြီး ဝေမျှခဲ့တာပါ..။ "တယောက်ချင်းစီ မဖြေနိုင်လို့အခုလို အားလုံးအတွက်ဖြေပေးလိုက်ပါတယ်နော်....God Bless You All.." ဆိုတဲ့ status လေးကို official page တွင် တင်ထားပြီး Myanmarload ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်.....။

Source The Real Mee Mee Khel-မီးမီးခဲ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။