ပရိသတ်ကြီးရေ မင်းသမီးချောလေး အိချောပိုကတော့ အနုပညာလမ်းကြောင်းပေါ်လျှောက်လှမ်းပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိထားတာဖြစ်ပါတယ်။အိချောပိုရဲ့ သူမတူတဲ့အလှတရားတွေနဲ့ စွဲမက်စရာကောက်ကြောင်းအလှတွေက ပုရိသတွေရဲ့ရင်ခုန်သံကို လှိုင်းထန်သွားအောင်ဆွဲဆောင်နိုင်ပါတယ်နော်။အိချောပိုက လက်တလောမှာလည်း ရိုက်ကူးရေးတွေ အဆက်မပြက်လုပ်ဆောင်နေတာကိုတွေ့ရပါတယ်။

အိချောပိုက အနေအေးပြီး ဖြူစင်ပွင့်လင်းတဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် သဘောလည်းကောင်းပြီး ဖော်ရွေစွာဆက်ဆံတတ်တဲ့သူပါနော်။အိချောပိုက မိဘတွေကိုလည်း လုပ်ကျွေးပြုစုနေတဲ့ သမီးလိမ္မာလေးတစ်ယောက်ဖြစ်ပါတယ်။မိဘတွေကို လိုလေသေးမရှိအောင်ထားပေးပြီး သေသေချာချာဂရုစိုက်စောင့်ရှောက်နေတာပါနော်။အိချောပိုရဲ့ စိတ်သဘောထားပြည့်ဝပုံလေးတွေနဲ့ အမြဲတမ်းပြုံးရွှင်နေတတ်တာလေးတွေကို ပရိသတ်တွေက ချစ်နေရတာဖြစ်ပါတယ်။

အခုဆိုရင်တော့ အိချောပိုရဲ့ ဖေဖေနဲ့မေမေက သမီးလေးအတွက် တန်ဖိုးကြီးကျောက်မျက်ရတနာတွေကို လက်ဆောင်ပေးခဲ့ပါတယ်နော်။အိချောပိုကတော့ မိဘတွေပေးတဲ့လက်ဝတ်လက်စားတွေကို အရမ်းသဘောကျနေပြီး ပျော်ရွှင်နေပါတယ်နော်။အိချောပိုရဲ့ ဖေဖေနဲ့မေမေကလည်း သမီးလေးကို အရမ်းချစ်ပြီး သမီးလေးကြိုက်လောက်မယ့် ပစ္စည်းလေးကိုလက်ဆောင်ဝယ်ပေးခဲ့တာကြောင့် အိချောပိုတို့မိသားစုရဲ့ အပြန်အလှန်နွေးထွေးတဲ့မေတ္တာတရားတွေက အားကျစရာကြီးဖြစ်လို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Source:Ei Chaw Po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။