ကြော်ငြာမင်းသမီးလေး ယွန်းဝတီလွင်မိုးရဲ့သား Liam လေးကတော့ အားလုံးကဝိုင်းချစ်နေရတဲ့ ကလေးလေးပဲ ဖြစ်ပါတယ်။ မေမေယွန်းနဲ့ ဘိုးဘိုးလွင်မိုးရဲ့ရုပ်အတိုင်း တစ်ထေရာတည်းတူတဲ့ Liam လေးကိုတော့ လွင်ထက်လို့ အမည်ပေးထားတာ ဖြစ်ပါတယ်။ အသက်တစ်နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ Liam လေးက တဖြည်းဖြည်းနဲ့ ပရိသတ်တွေရဲ့မျက်စိရှေ့မှာတင် ကိုလူချောလေးဖြစ်လို့လာတာ တွေ့ရပါတယ်။

Liam လေးက မွေးကင်းစအရွယ်လေးကတည်းက ဆံပင်ထောင်ထောင်လေးတွေနဲ့ အသည်းယားစရာကောင်းသူလေးဖြစ်ခဲ့သလို အခုဆိုရင်လည်း ပါးနီတာရဲလေးတွေနဲ့ တကယ့်ကိုအူယားစရာလေးဖြစ်ပါတယ်။ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ ဆုနဲ့ပြည့်တဲ့ Liam လေးကိုတော့ ပရိသတ်တွေအားလုံးကလည်း အချစ်တွေတိုးနေရတာ ဖြစ်ပါတယ်။ အခုလည်း Liam လေးက ကိုယ့်အားကိုယ်ကိုးပြီး တစ်ယောက်တည်း လမ်းစလျှောက်တတ်နေပြီ ဖြစ်ပါတယ်။

ယိုင်တိုင်တိုင်လေးနဲ့ တစ်လှမ်းချင်းလျှောက်နေတဲ့ Liam လေးကတော့ တကယ်ပဲ ချစ်ဖို့ကောင်းလွန်းနေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Liam လေးက ဘိုးဘိုးဘွားဘွားတွေရဲ့အသည်းတုံးလေးဖြစ်နေရသလို ပရိသတ်တွေရဲ့အချစ်တော်လေးလည်း ဖြစ်လို့နေတာပါ။ ကဲ ချစ်ပရိသတ်တွေအတွက် ယွန်းဝတီလွင်မိုးရဲ့သား Liam လေးရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source: May Thu;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။