ချစ်စရာကောင်းပြီးတော့ ပရိတ်သတ်တွေကတောင်အားကျနေရတဲ့ အနုပညာရှင်မိသားစုလေးကတော့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ ပျော်ရွှင်စရာမိသားစုကမ္ဘာလေးပါပဲနော်။ နှစ်ယောက်စလုံးဟာ ပြည်တော်ချစ် နိုင်ငံကျော်အနုပညာရှင်တွေဖြစ်ကြပြီးတော့ သူတို့နှစ်ဦးရဲ့ ရင်သွေးလေးတွေဖြစ်တဲ့ သုသုနဲ့ ဖိုးဓီလေးတို့ကလည်း ပရိတ်သတ်တွေရဲ့အချစ်တော်လေးတွေဖြစ်လို့နေခဲ့ရပါတယ်နော်။

သားသားနဲ့ မီးမီးနှစ်ယောက်စလုံး အရမ်းလည်းလိမ္မာပြီးတော့ မိဘစကားလည်းနားထောင်သူလေးတွေပါ။ အခုလိုကျောင်းဖွင့်ရက်မှာဆိုရင် အရင်ကဖေဖေနဲ့မေမေက တစ်ယောက်တစ်ကျောင်းဆီ ကျောင်းလိုက်ပို့ပေးနေရပေမယ့် အခုအချိန်မှာတော့ သားသားနဲ့မီးမီဟာကျောင်းတူသွားပြီဖြစ်တဲ့အတွက် အူဝဲနဲ့ပြေတီဦးတို့နှစ်ယောက်လုံး ကလေးတွေကို အတူတူကျောင်းလိုက်ပို့ပေးခဲ့ပါတယ်နော်။ ဖေဖေနဲ့မေမေ နှစ်ယောက်အတူတူကျောင်းလိုက်ပို့ပေးတဲ့အတွက် သားသားနဲ့မီးမီးကတော့ပျော်မဆုံးဖြစ်နေခဲ့ပါတယ်နော်။

ဖေဖေပြေတီဦးဟာလည်း ကျောင်းသွားတဲ့ လမ်းတောက်လျောက်မှာလည်း ကလေးနှစ်ယောက်နဲ့ ကားပေါ်မှာ ပျော်ပျော်ရွှင်ရွှင် ကစားခဲ့ကြပါသေးတယ်နော်။ မီးမီးလေးကတော့ မေမေအူဝဲနားမှာကပ်နေပေမယ့် သားလေး ဖိုဓီကတော့ ဖေဖေနဲ့အတူတူ ပျော်ရွှင်စွာကစားရင်း ကျောင်းသွားခဲ့ပါတယ်နော်။ ကလေးနှစ်ယောက်စလုံးဟာ အရမ်းပဲချစ်ဖို့ကောင်းလွန်းတာကြောင့် ဦးတီနဲ့ အူဝဲတို့ရဲ့ ချစ်ပရိတ်သတ်တွေလည်း အသည်းယားပြီးအချစ်ပိုခဲ့ရပါတယ်နော်။ ကဲ... ပြေတီဦးတို့ သားအဖနှစ်ယောက်ကားပေါ်မှာ ဘယ်လိုတောင်ပျော်ပျော်ရွှင်ရွှင် ကစားနေခဲ့လဲဆိုတာကို Videoလေးကြည့်လိုက်ကြပါအုန်းနော်။

Source : Eaindra Kyaw Zin 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။