ပရီးမီးယားလိဒ်ပွဲစဉ်၂ရဲ့ နောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဝုဗ် အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကတော့ ဒီနေ့မနက်အစောပိုင်းမှာယှဉ်ပြိုင်ကစားခဲ့ပြီး တစ်ဖက်တစ်ဂိုးနဲ့သရေကျခဲ့ပါတယ်။ဒီပွဲမှာတော့ မန်ယူအသင်းဟာအနိုင်ရဖို့ အခွင့်အရေးတွေရခဲ့ပေမယ့် လည်း ပေါ့ဘာရဲ့ ပယ်နတီမဝင်ခဲ့တာကြောင့် သရေရလဒ်နဲ့သာကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

မန်ယူအသင်းဟာဒီနေ့ပွဲမှာ ဝုဗ်အသင်းကိုအနိုင်ရဖို့ လူစုံနဲ့တက်စုံနဲ့ ပွဲထွက်ခဲ့တာဖြစ်ပြီးပုံစံကောင်းကိုပြသနိုင်ခဲ့တာဖြစ်ပါတယ်။မန်ယူအသင်းဟာပွဲစတယ်ဆိုတာနဲ့တိုက်စစ်ဆင်ခဲ့ပြီး ဝုဗ်အသင်းကလည်း အပြန်အလှန်တိုက်စစ်ဆင်ကစားခဲ့တာကြောင့် ပရိသတ်တွေအကြိုက်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ရပါတယ်။တိုက်စစ်ဆင်ကစားခဲ့တဲ့ မန်ယူအသင်းကလည်း၂၇မိနစ်မှာတင်ဦးဆောင်ဂိုးရခဲ့ပြီး မာရှယ်ရဲ့ သွင်းဂိုးနဲ့တူတူ ပထမပိုင်းမှာဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဝုဗ်အသင်းဟာခြေပဂိုးရဖို့ကြိုးစားရင်းနဲ့ ၅၉မိနစ်မှာ Neves က ဝုဗ်အသင်းအတွက်ခြေပဂိုးတစ်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။သရေကျပြီးနောက်ပိုင်းမှာတော့ ပွဲကပြိုင်ဆိုင်မှုပြင်းထန်လာပြီး မန်ယူအသင်းကလည်း ဂိုးရဖို့ တိုက်စစ်တွေဆင်နေခဲ့တာပါ။တိုက်စစ်တွေဆင်ရင်းနဲ့ပဲ၆၈မိနစ်မှာ မန်ယူအသင်းပယ်နတီရခဲ့ပြီး ပေါ့ဘာကန်ခဲ့ရာဂိုးမဝင်ခဲ့တာကြောင့်ပွဲအပြီးမှာ တစ်ဖက် (၁-၁)စီနဲ့ သရေကျခဲ့ပါတယ်။ပရိသတ်တွေအတွက်လည်း မန်ယူအသင်းရဲ့ သွင်းဂိုး video လေးကိုတင်ဆက်ပေးလိုက်ကပါတယ်။

Source:

Manchester United

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။