ပရိသတ်ကြီးရေ.. အဆိုတော်ချောလေး အုပ်စိုးခန့်ကတော့ အမိုက်စားတေးသီချင်းကောင်းတွေအပြင် လူငယ်ဆန်ဆန်ဆွဲဆောင်မှုရှိတဲ့ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေရဲ့ တခဲနက် အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားပဲ ဖြစ်ပါတယ်နော်..။

မိန်းကလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အများဆုံးရရှိထားတဲ့ အုပ်စိုးခန့်ကတော့ လတ်တလောမှာလည်း ထိုင်းမလေးတွေကြား ရေပန်းစားပြီး ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မီဒီယာတစ်ခုမှာ ဖော်ပြခံထားရတာ တွေ့ရပါတယ်နော်..။


လတ်တလော ထိုင်းပရိသတ်တွေအကြား အရမ်းကိုရေပန်းစားအောင်မြင်နေပြီး ထိုင်းမလေးတွေရဲ့ သည်းသည်းလှုပ် အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားတဲ့ ပိုင်တံခွန်အပြင် နောက်ထပ် မြန်မာအနုပညာရှင်တစ်ယောက်အဖြစ် အုပ်စိုးခန့်က ထိုင်းမီဒီယာတစ်ခုမှာ ဖော်ပြခံလိုက်ရတာဖြစ်ပါတယ်နော်..။

အဲ့ဒီသတင်းထဲမှာတော့ နောက်ထပ်မြန်မာလူငယ်အနုပညာရှင်တစ်ယောက်အဖြစ် အုပ်စိုးခန့်ရဲ့ နာမည်နဲ့ Singer ဖြစ်ကြောင်း၊ သူ့အပြုံးလေးတွေက ဆွဲဆောင်မှုရှိတဲ့ အကြောင်းနဲ့ ထိုင်းမလေးတွေကြား ရေပန်းစားနေတဲ့အကြောင်းလေးကို ဖော်ပြထားတာပဲ ဖြစ်ပါတယ်နော်..။


အဲ့ဒီအပြင် အုပ်စိုးခန့်ရဲ့ ဓာတ်ပုံလေေးတွနဲ့အတူ သူ့ရဲ့ကိုယ်ပိုင်ဖေ့စ်ဘွတ်အကောင့်နဲ့ အင်စတာဂရမ်အကောင့်တွေကိုလည်း တူးတွဲဖော်ပြထားတာ တွေ့ရပါတယ်နော်..။

ကဲ ပရိသတ်ကြီးရေ.. မော်လ်ဒယ်မင်းသားချောလေးပိုင်တံခွန်အပြင် အဆိုတော်ချောလေး အုပ်စိုးခန့်ကလည်း ထိုင်းပရိသတ်တွေကြား ရေပန်းစားနေတာမို့ အုပ်စိုးခန့်ရဲ့ ပရိသတ်တွေကလည်း ဝမ်းသာဂုဏ်ယူနေကြပါတယ်နော်..။

Photo - အုပ်စိုးခန့်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။