သရုပ်ဆောင် မင်းသမီးချောလေး သက်မွန်မြင့်ကတော့ ရိုးသားဖြူစင်တဲ့ အပြုံးလေးတွေနဲ့ ချစ်စရာကောင်းတဲ့ ချင်းတိုင်းရင်းသူလေးတစ်ဦး ဖြစ်ပါတယ်။ ဂုဏ်ပကာသနတွေ ဟန်ဆောင်မှုတွေတစ်ခုမှမရှိဘဲ ဘဝကို လွတ်လပ်ပျော်ရွှင်စွာ နေထိုင်တတ်တဲ့ ချစ်သက်ရဲ့စိတ်ရင်းလေးကို ပရိသတ်တွေကသဘောကျနေရတာ ဖြစ်ပါတယ်။ အထူးသဖြင့် ချစ်သက်က သူမရဲ့ပရိသတ်တွေအပေါ်မှာ ခင်မင်ရင်းနှီးစွာနဲ့ လေးလေးစားစားဆက်ဆံတတ်သူပဲ ဖြစ်ပါတယ်။

ကြင်နာယုယတဲ့ ခင်ပွန်းကောင်းနဲ့အတူ ချစ်စရာသားနဲ့သမီးကို ပိုင်ဆိုင်ထားတဲ့ ချစ်သက်ရဲ့မိသားစုဘဝလေးကတော့ တကယ့်ကို ပျော်ရွှင်စရာကောင်းလှပါတယ်။ အားချစ်နဲ့လဝန်းဆိုတဲ့ ချစ်သက်ရဲ့သားနဲ့သမီးကလည်း လိမ္မာယဉ်ကျေးပြီး အရမ်းကိုချစ်ဖို့ကောင်းတဲ့ ကလေးလေးတွေဖြစ်ကြပါတယ်။ အခုလည်း ချစ်သက်က ကားပေါ်မှာထိုင်ပြီး ကလေးတွေနဲ့အတူ ပျော်ပျော်ပါးပါး ဆော့ကစားနေတဲ့ သူမတို့မိသားစုရဲ့ပျော်ရွှင်စရာအခိုက်အတန့်လေးကို Live လွှင့်ပေးခဲ့ပါတယ်။

ချစ်သက်က " Good Morning!နေကောင်းသက်သာနေပါပြီ!အနီစက်တွေ မျက်နှာဖောယောင်နေတာတွေလည်း သက်သာနေပါပြီ! သတိလေးတော့ ထားနေရတုန်းပါပဲ " ဆိုပြီးလည်း ပြောပြထားပါတယ်။ ချစ်သက်တို့မိသားစုရဲ့ဗီဒီယိုလေးမှာတော့ ဖေဖေနဲ့ကလေးတွေက အတိုင်အဖောက်ညီညီဆော့ကစားရင်း ပျော်ရွှင်နေကြသလို ချစ်သက်ကလည်း ဘေးကနေကြည့်ပြီး ကြည်နူးနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သက်မွန်မြင့်တို့မိသားစုရဲ့ကြည်နူးစရာ Live ဗီဒီယိုလေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Thet Mon Myint;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။