နာမည်လေးနဲ့လိုက်အောင် မျက်နှာဝိုင်းဝိုင်းလေးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်မလေးဝိုင်းလေးနဲ့ Bellaတို့ဟာ လတ်တလော ပရိတ်သတ်တွေရဲ့ အားပေးမှုတွေကို တစ်ခဲနက်ရရှိထားသူလေးပါနော်။ ဝိုင်းလေးကိုတော့ ပရိတ်သတ်တွေက ချစ်စနိုးနဲ့ ဝလုံးလေးဆိုပြီးခေါ်တတ်ကြပြီးတော့ သူမတို့နှစ်ယောက်သလုံးဟာအရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေလည်းဖြစ်ပါတယ်နော်။ သူမတို့ဟာ တက်သစ်စအနုပညာရှင်တွေထဲမှာတကယ်ကိုအရည်အချင်းရှိတဲ့ အဆိုတော်မလေးတွေဆိုရင်လည်းမမှားပါဘူးနော်။

ဝိုင်းလေးဟာ လက်တလောမှာဆိုရင် sorry not sorryဆိုတဲ့ သီချင်းအသစ်လေးကို ပရိတ်သတ်တွေရဲ့ရှေ့ကို လက်ထဲကိုအရောက်ထည့်ပေးထားခဲ့တာကိုလည်းတွေ့ရပါတယ်နော်။ ဘာသာတရားလည်း ရိုသေကိုင်းရှိုင်းသူတွေလေးလည်းဖြစ်ပြီးတော့ ပရဟိတနှလုံးသားကို ပိုင်ဆိုင်ထားကြတဲ့ သူမတို့နှစ်ယောက်ဟာ ကုသိုလ်ရေးလေးတွေဆိုရင် ရှေ့ဆုံးကနေပါဝင်တတ်လို့ ပရိတ်သတ်တွေက သူမတို့ကိုချစ်သထက်ချစ်နေခဲ့ရပါတယ်နော်။

အခုလည်း သူငယ်ချင်းနှစ်ယောက်သား ပုဂံမြေကိုရောက်ရှိလို့နေခဲ့ကြပြန်ပါတယ်နော်။ မြန်မာဆန်ဆန်ဆင်တူဝတ်စုံလေးကို နှစ်ယောက်သားအတူတူဝတ်ဆင်ပြီးတော့ ပုဂံမြေပေါ်က တန်ခိုးကြီးဘုရားတွေနဲ့ တန်ဖိုးကြီးအလှအပတွေကြားမှာ လည်ပတ်ရင်းပျော်ရွှင်နေတာကိုတွေ့ရပါတယ်နော်။ ကဲ... သူငယ်ချင်းနှစ်ယောက်အတူတူ ပုဂံမြေပေါ်မှာလည်ပတ်နေကြတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Wyne Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။