အနုပညာအလုပ်တွေကို ဆယ်စုနှစ်ကျော်တိုင်အောင်လုပ်ကိုင်လာခဲ့ပြီး ယနေ့ထက်ထိ အောင်မြင်မှုတွေရရှိပိုင်ဆိုင်ထားသူကတော့ မင်းသမီး စမိုင်းလ်ပဲ ဖြစ်ပါတယ်။ သူမဟာ မိသားစုကို အချိန်ပြည့် ဂရုစိုက်ရုံသာမကပဲ အနုပညာအလုပ်တွေကို အားလပ်ချိန်များတွင် လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ချစ်ခင်ပွန်းရဲ့ အချိန်ပြည့် လိုလေသေးမရှိအောင် ပြုစုယုယမှုတွေကြောင့်လည်း ကြည်နူးပျော်ရွှင်နေရတာပါ။  

သူတို့မိသားစုလေးဟာလည်း မကြာခဏခရီးထွက်လေ့ရှိပြီး ခရီးသွားပုံရိပ်လေးတွေကိုလည်း ဝေမျှလေ့ရှိတာပါ။ အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်တာကြောင့်လည်း သူမရဲ့ စိတ်ထားလေးကို အားလုံးက ချစ်နေရတာပါ။ အခုမှာလည်း သူမတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ ငယ်ဘဝပုံရိပ်လေးတွေကို အခုလိုပဲ ရေးသားဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။  

" ၁၉၉၉ တညင်းကုန်းဂေါက်ကွင်းမှာ ပထမဆုံးချိန်းတွေ့တုန်းကပေါ့.. သူကကြီးရှက်နေတာ စကြိုက်ကတည်းကခုထိ ဒီကတော့အရှက်မရှိသရက်စေ့ပေါ့သူမဖက်ဖက်အောင် ရေလာမြောင်းပေး တူးမြောင်းလောက်ရောက်မှဒင်းကဖက်တယ် " ဆိုပြီး ပထမဆုံးချိန်းတွေ့တုန်းက ပုံရိပ်လေးတွေကို ဝေမျှခဲ့တာပါ။ သူတို့နှစ်ယောက်လုံးဟာ ငယ်ချစ်တွေပဲဖြစ်ပြီး ယနေ့ထိတိုင် အချစ်တွေမပြောင်းလဲပဲ ချစ်ခင်ကြည်နူးနေကြတာဟာလည်း လူတိုင်းအားကျစရာပါပဲနော်။ ပရိသတ်တွေအတွက် သူတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Smile

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။