မြန်မာ့သံတေးသီချင်းမြောက်များစွာကို သီဆိုအောင်မြင်ထားတဲ့ အဆိုတော် မနောကိုတော့ အားလုံးသိပြီးဖြစ်မယ်ထင်ပါတယ်။ ပရိသတ်တွေရင်ထဲအထိရောက်ခဲ့တဲ့ တေးသီချင်းပေါင်းများစွာကို သီဆိုခဲ့သူတစ်ယောက်ဖြစ်ပြီး လက်ရှိမှာလည်း တေးသီချင်းအသစ်တွေထပ်မံထုတ်လုပ်လျှက်ရှိတာတွေ့ရပါတယ်။ မနောရဲ့ သီချင်းတွေထဲမှာတော့ "ဗိုလ်အောင်ဒင်၊ မိချော" သီချင်းတွေကတော့ ပရိသတ်တွေနားထဲမှာ ယနေ့အထိစွဲထင်နေဆဲဖြစ်မယ်ထင်ပါတယ်။  

ပရိသတ်အချစ်တော် မနောကတော့ အနုပညာလောကရဲ့ အချစ်တော်တစ်ယောက်ဖြစ်သလို ဗုဒ္ဓဘာသာဝင်တွေရဲ့ အချစ်တော် တစ်ဦးလည်းဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပြီး အလှူအတန်းနဲ့ ကုသိုလ်ရေးတွေမှာ အမြဲပါဝင်တက်သူတစ်ယောက်ဖြစ်ကာ နေ့စဉ်ကောင်းမှုကုသိုလ်တွေလုပ်ဆောင်တက်သူတစ်ယောက်ဖြစ်ကြောင်း သိရပါတယ်။  

ဒီကနေ့ မှာလည်း မနောကတော့ သူ့ရဲ့လူမှုစာမျက်နှာပေါ်တွင် အနုပညာအလုပ်တွေကအနားယူစဉ်လုပ်လေ့ရှိတဲ့ အလေ့ကျင့်လေးတစ်ခုကိုပြသထားတာတွေ့ရပါတယ်။ အဆိုပါ ပုံရိပ်တွေနဲ့အတူ "မင်္ဂလာပါ ကျနော်ကတော့ ဘဝသမားအစစ်ပါခင်ဗျာ တေးချစ်သူများနှင့်ဆုံတွေ့ဖြစ်လို့လက်ဆွဲနှုတ်ဆက်တဲ့အခါ မနောလက်ကကြမ်းလိုက်တာလို့ဆိုမှာလားဟင် ဘာပဲဖြစ်ဖြစ်လေ လူတို့မည်သည်အသက်မွေးဝမ်းကြောင်းပညာတစ်ခုခုတော့ တက်ထားသင့်တာပေါ့နော် တေးချစ်သူများအားလုံးသာယာပျော်ရွှင်ပါစေ စီးပွားရေးများတိုးတက်ကောင်းမွန်ပါစေဗျား" ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ အနုပညာအလုပ်တွေက အနားယူနေစဉ်လုပ်လေ့ရှိတဲ့ မနောရဲ့ ပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

PHOTOS - MANAAW 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။