ပရိသတ်ကြီးရေ.. မကြာသေးခင်ကမှ အခုအချိန်ထိ ထိုင်းပရိသတ်တွေကြား ရေပန်းစားအောင်မြင်နေပြီး ထိုင်းပရိသတ်တွေရဲ့သည်းသည်းလှုပ်အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားသူကတော့ မော်လ်ဒယ်မင်းသားချောလေး ပိုင်တံခွန်ပဲ ဖြစ်ပါတယ်နော်..။

တိရိစ္ဆာန်လေးတွေအပေါ် ချစ်ခင်ကြင်နာတတ်တဲ့ သူ့ရဲ့ စိတ်သဘောထားနဲ့ အပြုအမူလေးတွေကလည်း ပရိသတ်တွေကို အချစ်ပိုစေသလို ခန့်ညားပြီး ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေကြောင့်လည်း မိန်းကလေး ပရိသတ်တွေကြား အမြဲရေပန်းစားနေတာလည်း ဖြစ်ပါတယ်နော်..။


မိန်းကလးပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားတဲ့ ပိုင်တံခွန်ကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး လတ်တလောမှာတော့ ရိုက်ကူးရေးလုပ်ရင်း ခြေထောက်ကို ထိခိုက်မှုဖြစ်သွားခဲ့ပါတယ်နော်..။

ပရိသတ်အချစ်တော် ပိုင်တံခွန်ကတော့ ရိုက်ကူးရေးလုပ်ရင်း ခြေထောက်ကာ ခြေမျက်စိအဆစ်နားမှာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာဖြစ်ပြီး လတ်တလောမှာလည်း စစ်ဆေးကုသမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်နော်..။


ဓာတ်မှန်ရိုက် စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ ပုံရိပ်လေးတွေကိုလည်း ဗီဒီယိုဖိုင်လေးနဲ့အတူ ပိုင်တံခွန်က ချစ်ပရိသတ်တွေကိုလည်း ပြန်လည်မျှဝေထားတာလည်း တွေ့ရပြီး ပရိသတ်တွေကလည်း စိုးရိမ်စိတ်လေးတွေနဲ့ အားပေးစကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်နော်..။

ထိခိုက်သွားတဲ့ ခြေထောက်ကို ကျန်းမာရေး စစ်ဆေး ကုသမှုတွေ ပြုလုပ်နေရတဲ့ ပိုင်တံခွန်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ပိုင်တံခွန်၊ Paing Takhon Fan Club Thailand

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။