အာစီယံထိပ်သီးအသင်းတစ်သင်းဖြစ်ပြီး အောင်မြင်မှုတွေများစွာ သိမ်းပိုက်ထားနိုင်တဲ့ ထိုင်းလက်ရွေးစင်အသင်းကတော့ တောင်အမေရိကထိပ်သီး ဘရာဇီးအသင်းနဲ့ ခြေစမ်းပွဲကစားဖို့ပြုလုပ်နေတာဖြစ်ပါတယ်။အဆိုပါနှစ်သင်းရဲ့ ခြေစမ်းပွဲကိုတော့ စင်ကာပူနိုင်ငံ နေရှင်နယ် STADIUM မှာ ကျင်းပမှာဖြစ်ပါတယ်။

တောင်အမေရိကထိပ်သီး ဘရာဇီးအသင်းဟာအရှေ့တောင်အာရှဘက်ကို ခြေစမ်းပွဲကစားဖို့ လာမှာဖြစ်တာကြောင့် ထိုင်းအသင်းကခြေစမ်းဖို့ကြိုးစားနေတာဖြစ်ပါတယ်။သူတို့နှစ်သင်းရဲ့ခြေစမ်းပွဲကိုတော့ လာမယ့်အောက်တိုဘာလအတွင်းမှာယှဉ်ပြိုင်ကစားဖွယ်ရှိနေတာဖြစ်ပါတယ်။

ဘရာဇီးအသင်းနဲ့ထိုင်းအသင်းတို့ဟာ ၂၀၀၀ ပြည့်နှစ်ထိုင်းဘုရင်ဖလားပြိုင်ပွဲမှာ တွေ့ဆုံခဲ့ပြီး ဘရာဇီးအသင်းက (ဝ-၇)နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အကောင်းဆုံးခြေစွမ်းတွေနဲ့ အာရှအသင်းကြီးတွေကိုတောင် ခြေစွမ်းပြရင်ဆိုင်လာတဲ့ထိုင်းအသင်းဘရာဇီးအသင်းကိုရှုံးကြွေးပြန်ဆပ်နိုင်မလားဆိုတာကစိတ်ဝင်စားစရာပါ။ပရိသတ်တွေအတွက်လည်းထိုင်းအသင်းနဲ့ ဘရာဇီးအသင်းတို့ Video ကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

Source:For Sport Asia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။