နှုတ်ခမ်းနီမလေးတွေရဲ့ တစ်ခဲနက်အားပေးမှုတွေကို အပြည့်အဝရရှိထားသူကတော့ အဆိုတော် အုပ်စိုးခန့်ပဲ ဖြစ်ပါတယ်။ သူဟာ အသက်ငယ်သေးသော်လည်း သူ့ရဲ့အောင်မြင်မှုတွေကတော့ ချီးကျူးစရာပါပဲနော်။ အမြဲတမ်း သွက်သွက်လက်လက်လေးနဲ့ နေတတ်တဲ့ ပုံစံလေးကိုလည်း မိန်းကလေးပရိသတ်များက ကြွေနေရတာပါ။ 

အုပ်အုပ်ဟာ အဆိုဘက်တွင်သာမကပဲ မကြာခင်မှာလည်း ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးတော့မှာပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း သရုပ်ဆောင် နေခြည်ဦးနဲ့အတူ " အိမ်မက်တွေမိုးထားတဲ့ အိမ် " ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးကိုလည်း ရိုက်ကူးတော့မှာပဲ ဖြစ်ပါတယ်။ အုပ်အုပ်လေးဟာ မိဘတွေကို လုပ်ကျွေးပြုစုနေတဲ့ သားလိမ္မာလေးလည်း ဖြစ်ပါတယ်။  

ပရိသတ်တွေကတော့ သူ့ရဲ့ အချစ်ရေးလေးကို အထူးစိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။ အခုမှာလည်း နေမကောင်းဖြစ်နေတဲ့ အုပ်အုပ်လေးကို ချစ်ရသူလေးက ကိတ်မုန့်လေးပို့ကာ " Get Well Soon " ဆိုပြီး ရေးသားကာ ပေးပို့ခဲ့တာပဲဖြစ်ပါတယ်။ အုပ်စိုးခန့်ရဲ့ Imstagram တွင်လည်း အားဆေးဆိုပြီး ဒီပုံရိပ်လေးကို တင်ထားတာပါ။ ပရိသတ်ကြီးရော အုပ်စိုးခန့်ရဲ့ ချစ်သူဘယ်သူလည်းဆိုတာ သိချင်နေကြပြီမလား...။

Photo - Oak Soe Khant 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။