မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်က အဝေးကွင်းမှာ ဝုဗ်အသင်းနဲ့ တဂိုးစီ သရေကျသွားပါတယ်။မန်ချက်စတာယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို မာရှယ်ကသွင်းပေးခဲ့ပြီး ဝုဗ်အသင်းက ၅၅ မိနစ်မှာ ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။မန်ယူကတော့ ယခုမှာအဆင့် ၄ နေရာတွင် ရပ်တည်နေပါတယ်။

ပေါဂ်ဘာရဲ့ ထိုးဖောက်မှုကနေ ပယ်နယ်တီရပေမယ့် အဲဒီပယ်နယ်တီကို ပေါ့ဂ်ဘာ ကန်သွင်းတာ ဂိုးမဝင်လို့ မန်ချက်စတာယူနိုက်တက်အသင်း သရေတမှတ်နဲ့ ကျေနပ်ခဲ့ရပါတယ်။မန်ယူဂန္တဝင်ဂယ်ရီနဗီးလ်ဟာ အနိုင်ရဖို့သေချာနေတဲ့ ပင်နယ်တီကိုမှ လွဲအောင်ကန်ခဲ့တဲ့ ပေါ့ဘာကို ဒေါသတကြီးနဲ့ ဝေဖန်လိုက်ပါတယ်။

ပင်နယ်တီကို ဝင်အောင်မကန်ခဲ့တဲ့ ပေါ့ဘာကို ဒေါသထွက်မိကြောင်း မန်ယူဂန္တဝင်ဂယ်ရီနဗီးလ်က ဝန်ခံပြောကြားလိုက်ပါတယ်။မန်ချက်စတာယူနိုက်တတ်အသင်းအတွက် နောက်ဆုံး ကစား ပေး ခဲ့တဲ့ နှစ်နှစ်တာကာလအတွင်းမှာ 11 ကြိမ် မှာ ပေါ့ဂ်ဘာ ဟာ 7 ကြိမ်သာ ဂိုး အဖြစ် ပြောင်းလဲ နိုင် ခဲ့ပြီး 4 ကြိမ် လွဲချော် ထားခဲ့ ပါတယ် ။

source: thesun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။