ကမ္ဘာတစ်ဝှမ်းကပရိသတ်တွေစိတ်အဝင်စားဆုံးဖြစ်တဲ့ ၄နှစ်တစ်ကြိမ်ကျင်းပတဲ့ကမ္ဘာ့ဖလားပြိုင်ပွဲကိုအိမ်ရှင်အဖြစ်လက်ခံကျင်းကခွင့်ရထားတဲ့ နိုင်ငံတွေထဲကတော့ ခုချိန်ထဲကကွင်းတွေကိုပြင်ဆင်နေရပြီဖြစ်ပါတယ်။လာမယ့်၂၀၂၂ကမ္ဘာ့ဖလားကိုတော့ကာတာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်ပြီး ကွင်းတွေကိုလည်းဆောင်လုပ်နေတာပြီးစီးလုဖြစ်နေပြီဖြစ်ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ ကနေဒါ၊မက္ကစီကိုနဲ့ အမေရိကန်နိုင်ငံတွေကအိမ်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်ပါတယ်။ကမ္ဘာ့ဖလားပြိုင်ပွဲဟာတစ်ကမ္ဘာလုံးကပရိသတ်တွေစိတ်အဝင်စားဆုံးဖြစ်တာကြောင့်အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့နိုင်ငံတွေက အကောင်းဆုံးပြင်ဆင်မှုတွေကို ပြိုင်ပွဲမကျင်းပခင် နှစ်တွေထဲကကြိုပြင်ဆင်ရတာဖြစ်ပါတယ်။

အဆိုပါ၂၀၂၆ပြိုင်ပွဲကိုတော့ ၃နိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး ကမ္ဘာ့အဆင့်မှီဘောလုံးကွင်းတွေများစွာပိုင်ဆိုင်ထားတဲ့ အမေရိကန်နိုင်ငံက အရေးကြီးပွဲစဉ်တွေကို လက်ခံကျင်းပမှာဖစ်ပါတယ်။ဒါကြောင့်သူတို့ကတော့ ခုထဲက လက်ခံကျင်းပမယ့် ကွင်းတွေကို လျာထားပြီး ပြင်ဆင်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ပရိသတ်တွေအတွက်လည်း ၂၀၂၆ ကမ္ဘာ့ဖလားကျင်းပဖို့ လျာထားတဲ့ ၃နိုင်ငံရဲ့အမိုက်စားကွင်း တွေနဲ့ ကျင်းပမယ့် မြို့ video လေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:You Tube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။