နွေးထွေးတဲ့နေရာ အရပ်တွေမှာနေတဲ့သူတွေဟာဆိုရင် တခါတလေ နှင်းကျလေ့ရှိတဲ့အရပ်ကို သွားရောက်ချင်လေ့ရှိပါတယ်။ အဲ့လိုနေရာတွေကို သွားလည်ချင်တဲ့သူတွေအတွက် ကမ္ဘာပေါ်မှာ အေးတာတောင်ပုံမှန်ထက်ပိုအေးနေတဲ့နေရာတွေကို ဖော်ပြသွားမှာပါ။ ပရိသတ်ကြီးလဲ ဝါသနာပါရင်သွားလည်လို့ရတာပေါ့...။ 

Prospect Creek, Alaska, USA

ဒီနေရာဟာဆိုရင်တော့ USA မှာအအေးဆုံးနေရာဖြစ်ပါတယ်။ အဲ့နေရာကိုလဲ လူတွေကိုယ်တိုင်က USA ရဲ့အအေးဆုံးနေရာလို့သတ်မှတ်ထားကြပါတယ်။ အအေးဆုံးအမှတ်ကတော့ -62 Celsius degrees ပဲဖြစ်ပါတယ်။

Rogers Pass, Montana, the USA

အရိုးတွေတောင်အေးခဲစေတဲ့ USA ရဲ့ နောက်ထပ်အေးစက်တဲ့နေရာဖြစ်ပါတယ်။ အအေးဆုံးလကတော့ March နဲ့ April လပဲဖြစ်ပါတယ်။ အနှိမ့်ဆုံးအပူချိန်ကတော့ -57 Celsius degrees ပဲဖြစ်ပါတယ်။ 

North Ice, Greenland

Greenland ဟာဆိုရင် ကမ္ဘာပေါ်မှာ အအေးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နိုင်ပါတယ်။ အနှိမ့်ဆုံးအပူချိန်ကတော့ -66 Celsius degrees ရှိပါတယ်။ ဘယ်သူမှ အဲ့မှာမနေပါဘူး။

Eismitte, Greenland

ဒီနေရာလဲ တော်တော်ကိုအေးတဲ့နေရာပါပဲ...။ အဲ့ဒီနေရာရဲ့ အအေးမှတ်ကတော့ -64 Celsius degrees ဖြစ်ပါတယ်။

Vostok, Antarctica

ဒီနေရာကတော့ ကမ္ဘာကြီးပေါ်မှာ အအေးဆုံးနေရာဖြစ်ပါတယ်။ အဲ့နေရာကတော့ ကမ္ဘာရဲ့တောင်ဝင်ရိုးစွန်းမှာရှိတာဖြစ်ပြီး အအေးဆုံးလကတော့ August လပဲဖြစ်ပါတယ်။ အအေးဆုံးမှတ်ကတော့ -89.2 ပဲဖြစ်ပါတယ်။

Source : Bloggers Arena 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။