ဘာစီလိုနာတိုက်စစ်မှူးဖြစ်တဲ့မက်ဆီကတော့ လာလီဂါပွဲစဉ်၂မှာပါဝင်ကစားဖို့အတွက်မသေချာသေးတာကြောင့် ဘာစီလိုနာအသင်းအနေနဲ့ အခက်အခဲတွေကိုရင်ဆိုင်ရဖွယ်ရှိနေတာပါ။မက်ဆီဟာအခုအချိန်အထိ အပေါ့စားလေ့ကျင့်ခန်းသာလုပ်နိုင်သေးတာကြောင့် ပွဲအတွက်ကစားဖို့မသေချာသေးတဲ့အခြေအနေဖြစ်နေတာပါ။

ဘာစီလိုနာအသင်းဟာပြီးခဲ့တဲ့ ပွဲမှာတိုက်စစ်မှူးဆွာရက်ဒဏ်ရာရခဲ့တာကြောင့် ပွဲစဉ်အချို့ကိုလွဲချော်ရဖွယ်ရှိနေတာပါ။ဒမ်ဘီလီကလည်းဒဏ်ရာကြောင့် အချိန်တော်ကြာအနားယူရမှာကြောင့် ဘာစီလိုနာအသင်းတိုက်စစ်အတွက်အခက်ကြုံနေတာဖြစ်ပါတယ်။အဖွင့်ပွဲမှာရှုံးနိမ့်ခဲ့တာကြောင့်ဖိအားတွေများနေရတဲ့နည်းပြအတွက်တော့ပိုခက်ခဲလာခဲ့ပါတယ်။

တိုက်စစ်မှူးအနေနဲ့ ဂရစ်စမန်းတစ်ယောက်သာရှိတာကြောင့် တိုက်စစ်အတွက် ပရိသတ်တွေအားမရနေတာဖြစ်ပါတယ်။ဒုတိယပွဲစဉ်မှာမဖြစ်မနေအနိုင်ရဖို့လိုအပ်နေတာကြောင့် နည်းပြအနေနဲ့မက်ဆီကိုသုံးမလားဆိုတာကတော့စိတ်ဝင်စားစရာပဲ။ပရိသတ်တွေလည်းခုလာမယ့်ဘက်တစ်နဲ့ပွဲအမှီမက်ဆီဒဏ်ရကနေပြန်သက်သာလာနိုင်မလားဆိုတာကတော့စောင့်ကြည့်အားပေးကြပါဦးနော်။

Source:For Sport Asia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။