အနုပညာလောကထဲမှာ ပရိသတ်တွေချစ်ခင်အားကျရတဲ့အတွဲလေးတစ်တွဲရှိပါတယ်။ သူတို့အတွဲလေးကတော့ ရွှေထူးနဲ့ရွှေမှုံရတီတို့စုံတွဲလေးပဲဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံလေးဟာ တစ်ယောက်နဲ့တစ်ယောက်အရမ်းကိုချစ်ကြပြီး မျက်စိအောက်ကအပျောက်မခံနိုင်အောင် ရိုလွန်းနေကြတာပဲ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်လုံးဟာ ဝါသနာပါရာအနုပညာအလုပ်တွေကိုအသီးသီးလုပ်ဆောင်နေကြတာပဲ ဖြစ်ပြီးပရိသတ်အားပေးမှုတွေကို အသီးသီးရရှိထားကြတဲ့ ထိပ်တန်းအနုပညာရှင်စုံတွဲလေးပါ။ ရွှေမှုံဟာလည်း မင်းသမီးဖြစ်သော်လည်း ရွှေထူးအတွက်အရမ်းကိုတန်ဖိုးထားရတဲ့ ဇနီးကောင်းတစ်ယောက်အဖြစ်ရပ်တည်နေတာပါ။

ရွှေထူးဟာ ဂီတလောကမှာတင်မကပဲ သရုပ်ဆောင်ဘက်မှာပါ ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်မှုတို့တွေကြောင့်အချိန်တိုအတွင်းမှာ ပရိသတ်တွေရဲ့အားပေးမှုတွေကိုရရှိထားသူပါ။

လတ်တလောမှာလည်း " စစ်ကား " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ရွှေထူးရဲ့Facebook myday လေးမှာ စာလေးတစ်ခုရေးသားထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ " သားမက်လေး ထမင်းစားရတာအဆင်မပြေမှာစိုးလို့တဲ့ ရှုတင်ကိုလာပေးသွားတာ.....ချစ်ဖို့ကောင်းသော " ဆိုပြီး ရေးသားထားတာပါ။ ရွှေမှုံရဲ့မိခင်ကတော့ သူ့ရဲ့သားမက်လေးကို ရှုတင်ထျဟင်းတွေလာပို့ပေးသွားတာဟာ သားမက်အပေါ်ထားတဲ့မေတ္တာစိတ်ဘယ်လောက်ကြီးလဲဆိုတာ သိမြင်နိုင်ပါတယ်နော်။ ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Htoo Khant

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။