ပရိသတ်ကြီးတို့ရဲ့ အချစ်တော်မင်းသားချော မိုးအောင်ရင်ကတော့ အခုဆိုရင် အနုပညာအလုပ်တွေနဲ့အတူ ပရိသတ်တွေရှေ့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်နော်..။

အောင်မြင်မှုတွေ အခိုင်အမာရရှိထားသလို ပရိသတ်တွေရဲ့ အချစ်တွေကိုပါ သိမ်းပိုက်ထားတဲ့ မိုးအောင်ရင်ကတော့ Oxygen ဆိုတဲ့ ရုပ်ရှငိဇာတ်ကားကြီးနဲ့အတူ စတင်ပြီး အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်နော်..။

Oxygen ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ရုပ်ရှင်ကန်တော့ပေးပွဲကိုတော့ ဒီကနေ့ သြဂုတ်လ(၂၀)ရက်နေ့ကပဲ ကျင်းပပြုလုပ်ခဲ့တာ တွေ့ရပြီး ပရိသတ်တွေကလည်း ဝမ်းသာပျော်ရွှင်နေကြတာလည်း တွေ့ရပါတယ်နော်..။

ရုပ်ရှင်ကန်တော့ပေးပွဲ အခမ်းအနားပုံရိပ်လေးတွေကိုလည်း ဦးအောင်ရင်က ပရိသတ်တွေကို ပြန်လည်မျှဝေထားပြီး သားဖြစ်သူမိုးအောင်ရင် လုပ်ချင်တဲ့ အလုပ်ကို ပြန်လည်လုပ်ခွင့်ရလို့ ကျေးဇူးတင်စပါးလေးလည်း ဆိုထားအာသေးတယ်နော်..။

"ဒီနေ့ Lucky 7 ရုပ်ရှင်ထုပ်လုပ်ရေးနဲ့ Oxygen ရုပ်ရှင်ဇတ်ကားကြီးကန်တော့ပွဲပေးပြီး စရိုက်ပါတယ် သားလုပ်ချင်တဲ့အလုပ်လုပ်ခွင့်ရလို့ Lucky 7 မိသားစုနဲ့ချစ်ခင်အားပေးနေကြတဲ့ ရုပ်ရှင်ချစ်ပရိတ်သတ်များကိုကျေးဇူးတင်ပါတယ်ခင်ဗျာ.." ဆိုပြီး အမှတ်တရပုံရိပ်လေးတွေနဲ့အတူ ရေးသားမျှဝေထားတာ ဖြစ်ပါတယ်..။

မိုးအောင်ရင်အခုလို အနုပညာအလုပ်တွေကို လုပ်ဆောင်ပြီး အားလုံးအရှေ့ကို ပြန်လည်ရောက်ရှိလာတော့မှာမို့ ချစ်ပရိသတ်တွေကလည်း ကြည်နူးမဆုံးဖြစ်ကာ အားပေးစကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်နော်..။

Photo အောင်ရင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။