မြန်မာလက်ဝှေ့ကိုကမ္ဘာကသိအောင် နိုင်ပွဲတွေနဲ့ ယူဆောင်လာပေးနေတာကတော့ Dave ပဲဖြစ်ပါတယ်။သူကတော့ မြန်မာ့လက်ဝှေ့ကို ပရိသတ်တွေစိတ်ဝင်စားအောင် ယူဆောင်လာခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။သူ့ကြောင့်လည်း မြန်မာ့လက်ဝှေ့ဟာ နိုင်ငံတစ်ကာက လက်ဝှေ့အားကစားသမားတွေလေးစားကြိုက်နှစ်သက်ရတဲ့ ကစားသမားပဲဖြစ်ပါတယ်။

သူကတော့ မြန်မာ့လက်ဝှေ့ကို ရူးသွပ်တဲ့ ကစားသမားဖြစ်ပြီး မြန်မာလက်ဝှေ့ချန်ပီယံတစ်ယောက်လည်းဖြစ်ပါတယ်။သူကတော့ WCl ပွဲတွေကိုလည်း ထိုးသတ်နေပြီးနိုင်ပွဲတွေယူဆောင်ပေးနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။သိပ်မကြာခင်ကလည်း UFC ဖိုက်တာ Seth Baczynski ကို မြန်မာ့လက်ဝှေ့နဲ့အနိုင်ယူခဲ့တာဖြစ်ပါတယ်။

သူကတော့နောက်ထပ်နိုင်ငံခြားသားတွေနဲ့ ယှဉ်ပြိုင်ထိုးသတ်ဖို့ရှိတာကြောင့် လေ့ကျင့်မှုတွေကို အဆက်မပြတ်လုပ်နေတာဖြစ်ပါတယ်။ခုမှာလည်း"ဆရာသတ္တိအောင်ဆီကနေ ခေါင်းတိုက်နည်းနဲ့ပတ်သက္တဲ့အကြံဉာဏ်တွေကို ဂုဏ်ယူစွာလေ့လာခဲ့ရတာဖြစ်ပါတယ်။ဆရာဟာ သူ့လက်ဝှေ့သက်တမ်းမှာ ခေါင်းတိုက်ပြီးအလဲထိုးခဲ့တဲ့ပွဲတွေအများကြီးရှိပြီး ကျွန်တော်အမြဲအတုယူအားကျခဲ့ရတဲ့လက်ဝှေ့သမားတစ်ယောက်ပါ" ဆိုပြီးလည်းကျေးဇူးတင်စကားဆိုသွားတာပါ။ပရိသတ်တွေလည်း မြန်မာ့လက်ဝှေ့ကမ္ဘာကသိအောင် လေ့ကျင့်မှုတွေနဲ့ကြိုးစားနေတဲ့ Dave ရဲ့ Video လေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Dave

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။