မြန်မာနိုင်ငံကို ကြက်တောင်အားကစားကနေ ကမ္ဘာသိအောင် စွမ်းဆောင်ပေးနေတာကတော့ သက်ထားသူဇာပဲဖြစ်ပါတယ်။သူမကတော့ ခုနှစ်ပိုင်းမှာ ပြိုင်ပွဲတိုင်းနီးပါးဆုတံဆိပ်တွေနဲ့ အောင်မြင်မှုတွေယူဆောင်ပေးနေတာဖြစ်ပါတယ်။သူမကတော့ ပွဲတိုင်းမှာလည်း ပြိုင်ဘက်တိုင်းကိုခက်ခက်ခဲခဲနဲ့ ကျော်ဖြတ်ပြီးမှအောင်မြင်မှုတွေကိုယူဆောင်နိုင်တာဖြစ်ပါတယ်။

သူကတော့အိုလံပစ်ပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ဖို့ကြိုးစားနေတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။အိုလံပစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ အတွက်ဆို ကမ္ဘာ့အဆင့်ကောင်းကောင်းမှာရပ်တည်နိုင်ဖို့လိုအပ်နေတာကြောင့် ခုလိုပြိုင်ပွဲတွေကိုဆက်တိုက်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။သူကတော့ ပြိုင်ပွဲတစ်ခုနဲ့တစ်ခု ရက်သိပ်မကွာတာကြောင့် ပွဲပန်းမှုတွေလည်းကြုံတွေ့နေရတာပါ။

ခုမှာတော့သူမဟာ ကမ္ဘာ့အဆင့် ၇၀အထိမြင့်တက်လာခဲ့ပြီဖြစ်ပါတယ်။သူမဟာနောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေမှာ အကောင်းဆုံးရလဒ်တွေယူဆောင်နိုင်ခဲ့တာကြောင့် ခုလို မြင့်တက်လာတာဖြစ်ပါတယ်။ဒါကြောင့်သူက အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့အကောင်းဆုံးအခွင့်အရေးတွေပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်ပြိုင်ပွဲတွေလည်းယှဉ်ပြိုင်ဖို့ရှိနေတာကြောင့် ပရိသတ်တွေလည်း နိုင်ငံ့ဂုဏ်ဆောင်သက်ထားသူဇာကိုအားပေးကြပါဦးနော်။

PHOTO :Thet Htar Thuzar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။