ဘာစီလိုနာသင်းကနေ ဂျာမန်မြူးနစ်အသင်းကိုတစ်ရာသီအငှားနဲ့ပြောင်းရွေ့သွားခဲ့တဲ့ ကော်တင်ဟိုကတော့ ဘိုင်ယန်အသင်းမှာ လေ့ကျင့်ခန်းတွေပြုလုပ်နေပြီဖြစ်ပါတယ်။သူကတော့ ဘာစီလိုနာအသင်းကို ဂရစ်စမန်းရောက်လာတာကြောင့် ပွဲထွက်ခွင့်မသေချာတော့တာဖြစ်ပါတယ်။ဒါကြောင့်အသင်းပြောင်းရွေ့ဖို့အတွက်ကို ပြင်ဆင်ရင်းဘိုင်ယန်အသင်းကိုရောက်ရှိလာတာပါ။

သူကတော့ ဘိုင်ယန်အသင်းကို တစ်ရာသီအငှားနဲ့ပြောင်းရွေ့လာခဲ့ပေမယ့် ရာသီကုန်ပါကခြေစွမ်းကိုကြည့်ပြီး အပြီးသတ်ခေါ်ယူနိုင်တာဖြစ်ပါတယ်။ဘိုင်ယန်အသင်းကလည်း အနားယူသွားတဲ့ အသင်းရဲ့အဓိကတိုက်စစ်မှူးနေရာမှာအစားထိုးချင်နေတာကြောင့်ခေါ်ယူလိုက်တာဖြစ်ပါတယ်။

သူကတော့ ဘိုင်ယန်အသင်းနဲ့တူတူ ပထမဆုံးလေ့ကျင့်ခန်းအစီစဉ်မှာပါဝင်ခဲ့ပြီး ပျော်ရွှင်နေခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေကလည်း သူ့ရဲ့လေ့ကျင့်ခန်းအစီစဉ်ကိုလာရောက်အားပေးခဲ့ကြတာပါ။ပရိသတ်တွေလည်း ဘိုင်ယန်ကိုရောက်ရှိပြီး ပျော်ရွှင်စွာလေ့ကျင့်ခန်းဆင်းနေတဲ့ ကော်တင်ဟိုရဲ့ ပုံရိပ်တွေနဲ့ တစ်ချိန်ကသူ့ရဲ့အကောင်းဆုံးစကေး video လေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

Source:Bayern  München

Videi:Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။