ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ယောက်အဖြစ်သတ်မှတ်ခံထားရတဲ့ ဂျူဗင်တပ်အသင်းတိုက်စစ်မှူး ရော်နယ်ဒိုကတော့ လက်ရှိအချိန်ထိ ပရိသတ်တွေအားအကျရဆုံးကစားသမားဖြစ်ပါတယ်။သူ့ရဲ့အကောင်းဆုံးခြေစွမ်းတွေက ၁၀စုနှစ်တစ်ခုကြာမြင့်အောင်အကောင်းဆုံးစွမ်းဆောင်ထားနိုင်တာဖြစ်ပါတယ်။

လက်ရှိအချိန်ထိလည်း အကောင်းဆုံးခြေစွမ်းတွေနဲ့ အသင်းတိုင်းမှာအောင်မြင်မှုတွေယူပေးရင်း အရေးပါတဲ့ကစားသမားတစ်ယောက်အဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။သူ့ရဲ့အောင်မြင်မှုတွေကလည်း ဘယ်ကစားသမားမှ မရနိုင်တဲ့ စံချိန်တော်တော်များများကိုရရှိထားတာပါ။ဒါကြောင့် ဂုဏ်ပြုကျောက်ရုပ်တွေနဲ့ တောင် ချီးမြှောက်ရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပရိသတ်တွေမသိသေးတဲ့ ရော်နယ်ဒိုရဲ့ အလွဲကန်ချက်များကို ပရိသတ်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဂိုးသွင်းသေချာတဲ့ ကစားသမားလို့လူသိများပေမယ့် ဂိုးရှေ့မှာလွဲခဲ့တာတွေလည်းအကြိမ်ကြိမ်ပဲဖြစ်ပါတယ်။ပရိသတ်တွေအတွက်လည်း ရော်နယ်ဒိုရဲ့ ဂျူဗင်တပ်အသင်းကအလွဲ VIDEO လေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

Source:Football Memes

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။