MMA ပြိုင်ပွဲတွေကနေ နိုင်ပွဲတွေယူပြီး မြန်မာနိုင်ငံရဲ့ ဂုဏ်ကိုဆောင်နေတာကတော့ MMA ဖိုက်တာ အောင်လအန်ဆန်ပဲဖြစ်ပါတယ်။သူကတော့ ယှဉ်ပြိုင်ထိုးသတ်တဲ့ ပြိုင်ပွဲတိုင်းနီးပါးမှာ နိုင်ပွဲတွေယူပြီး ပရိသတ်တွေကိုပျော်ရွှင်အောင်ဖန်တီးပေးတဲ့သူတစ်ယောက်ပါ။မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ပွဲတိုင်းမှာ နိုင်ပွဲတွေယူပေးပြီး နိုင်ငံ့ဂုဏ်ဆောင်နေတာပါ။

သူ့ကြောင့်လည်း MMA ပြိုင်ပွဲတွေဟာ မြန်မာနိုင်ငံမှာ ပရိသတ်တွေပိုအားပေးလာကြပြီး ကစားသမားတွေလည်းထွက်ပေါ်လာတာပါ။အောင်လအန်ဆန်ကတော့ သူ့ရဲ့ ကြိုးစားမှုတွေကြောင့် လည်း MMA ပြိုင်ပွဲကချီးမြှင့်တဲ့ဆုတွေကိုလည်းဆွတ်ခူးနိုင်တဲ့ မြန်မာကစားသမားတစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်လည်း တစ်နိုင်ငံလုံးကပရိသတ်တွေသာမက နိုင်ငံခြားရောက်ပရိသတ်တွေပါချစ်နေရတာဖြစ်ပါတယ်။

သူကတော့ နိုင်ငံတစ်ကာက အကောင်းဆုံး ပြိုင်ဘက်တွေနဲ့ယှဉ်ပြိုင်ထိုးသတ်မှုတွေလုပ်ဖို့ရှိသေးတာဖြစ်ပါတယ်။ဒါကြောင့်သူကတော့လေ့ကျင့်ခန်းအစီစဉ်တွေကိုလည်းလုပ်နေတာပါ။ခုမှာလည်း MMA ကစားသမားတွေရဲ့ အကောင်းဆုံးထိုးကွက်တွေထဲကတစ်ခုဖြစ်တဲ့ ခြေထောက်ကန်ချက်တွေကို နည်းပြဆရာ henrihooft နဲ့ပြုလုပ်နေတာပါ။ဘယ်လောက်တောင်အောင်လရဲ့ အားတွေပြင်းလဲဆိုတာကတော့ အောက်က video လေးကိုတင်ဆက်ပေးလိုက်ကပါတယ်။

Source:Aung La Nsang(Burmese Python)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။