လက်ရှိအထိဖြစ်ပွားနေဆဲဖြစ်တဲ့ ရှမ်းပြည်အတွင်းကတိုက်ပွဲသတင်းတွေကို ပရိသတ်တွေလည်း ကြားသိကြမယ်ထင်ပါတယ်။ အချိန်အတော်ကြာတိုက်ပွဲတွေဖြစ်ပွားနေပြီး နှစ်ဖက်စစ်သားများနဲ့အတူ ကြားခံပြည်သူတွေပါသေဆုံးလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ပစ်ခတ်မှုတွေကတော့ ရှမ်းပြည်ဂုတ်တွင်းအပြီး လက်ရှိ နမ်းခမ်းမြို့အထိဖြစ်ပွားနေတာဖြစ်ကြောင်း သိရပါတယ်။  

သြဂတ်လ ၂၂ ရက်နေ့ ဒီကနေ့မှာလည်း နမ်ခမ်းမြို့အနီးတိုက်ပွဲတွေကြောင့် မြို့နေပြည်သူတွေနဲ့အတူ ကျောင်းအတွင်းရှိ ကျောင်းသူ/ ကျောင်းသားတွေပါ ထွက်ပြေးခဲ့ရတာတွေ့ရပါတယ်။ မကြာသေးမီက စာသင်ကြားနေချိန်ပစ်ခတ်မှုတွေကြောင့် ကျောင်းသား၊ ကျောင်းသူတွေ အပြေးအလွှား ထွက်ပြေးခဲ့ရပြီး စစ်လွတ်ရာနေရာတွေသို့ ထွက်ခွာခဲ့ရကြောင်း သိရပါတယ်။  

ပညာရေးကိုပါထိခိုက်မှုတွေဖြစ်ပွားလာတတဲ့ ရှမ်းပြည်နယ် နမ်ခမ်းမြို့အနီးက တိုက်ပွဲတွေကတော့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ပြည်သူတွေအထိ အထိပ်တလန့်ဖြစ်စေခဲ့မှာအမှန်ပဲဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ် နမ်ခမ်းမြို့အနီးက ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

VIDE0 - SHWE HTEE 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။