Mrtv-4 မင်းသမီးတစ်ဦးဖြစ်တဲ့ ခေးဆက်သွင်က ချစ်စရာမျက်နှာထားလေးနဲ့ သေးသွယ်တဲ့ ခန္ဓာကိုယ်အချိုးအစားပိုင်ဆိုင်ထားတာဖြစ်ပါတယ်...။ ခေးဆက်သွင်က မြန်မာဝတ်စုံလေးတွေကို ရိုးယဉ်စွာ ဝတ်ဆင်လျက်ရှိပြီး နန်းဆန်စွာ လှပနေတာဖြစ်ပါတယ်..။ ခေးဆက်သွင်က ခေတ်လူငယ်ပီပီ လွတ်လပ်ပေါ့ပါးစွာ နေထိုင်ပြောဆိုတတ်သူဖြစ်ပါတယ်...။ ခေးဆက်သွင်က ဂါဝန်လေးတွေကိုလည်း ဆွဲဆောင်မှုရှိစွာ ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်...။

ခေးဆက်သွင်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေကတော့ photo shooting၊ ကြော်ငြာမဂ္ဂဇင်းတွေကို လက်ခံရိုက်ကူးလျက်ရှိပြီး အခမ်းအနားဖွင့်ပွဲတွေသို့ တက်ရောက်ခဲ့တာဖြစ်ပါတယ်...။ ခေးဆက်သွင်က သူငယ်ချင်းတွေနဲ့အတူ ဘဝကြီးကို ပျော်ရွှင်စွာဖြတ်သန်းနေပြီး အပန်းဖြေခရီးတွေလည်း ထွက်ခဲ့တာဖြစ်ပါတယ်...။ ခေးဆက်သွင်က သရုပ်ဆောင်ကောင်းပြီး ဘယ်ဇာတ်ရုပ်မဆို သဘာဝကျပိုင်နိုင်စွာ ပါဝင်ရိုက်ကူးခဲ့တဲ့အတွက်ကြောင့် အချိန်တိုအတွင်းမှာပဲ အောင်မြင်မှုများစွာကို ပိုင်ဆိုင်ထားတာပါ...။

ခေးဆက်သွင်က ခေတ်လူငယ်ပီပီ လူမှုကွန်ယက်စာမျက်နှာတွေဖြစ်ကြတဲ့ facebook၊ Instagram တို့တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း "ဒီနေ့ MTV shooting မှာ...အချစ်ရဲ့ကျောင်းသူလေးပါ" ဆိုတဲ့ status လေးနဲ့အတူ ရိုက်ကွင်းမှာ ရိုက်ကူးခဲ့တဲ့ အမှတ်တရပုံရိပ်တွေကို သူမရဲ့ official acc တွင်ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်....။

Source Khay Sett Thwin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။