ပရိသတ်တွေရဲ့ အချစ်တော် အနုပညာရှင်ဆယ်လီစုံတွဲလေးတွေထဲမှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို အများဆုံးရရှိထားတဲ့ ပြည်သူ့အချစ်တော်စုံတွဲလေးကတော့ အဆိုတော်သရုပ်ဆောင်ရွှေထူးနဲ့ မင်းသမီးချောလေး ရွှေမှုံရတီတို့ပဲ ဖြစ်ပါတယ်နော်..။

ရိုမန်တစ်ဆန်တဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အမြဲအားကျစေတဲ့ သူတို့ဇနီးမောင်နှံစုံတွဲလေးကတော့ အနုပညာလောကမှာ ပရိသတ်တွေကိုယ်စီနဲ့ အောင်မြင်မှုတွေ အခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အသည်းကျော်လေးတွေပါပဲ..။


ချွဲတတ်လွန်းတဲ့ သူမကို အမြဲချစ်ခင်အလိုလိုက်ပေးပြီး အရိပ်တကြည့်ကြည့်နဲ့ တယုတယလေး ဂရုစိုက်ပေးတတ်တဲ့ ချစ်ခင်ပွန်းဖြစ်သူ ရွှေထူးကြောင့် ကြည်နူးပျော်ရွှင်နေရတဲ့အကြောင်းလေးတွေကို ပြောပြလာခဲ့ပါတယ်နော်..။

ချစ်ဇနီးလေးရဲ့ မျက်နှာလေးကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်တတ်လွန်းတဲ့ ရွှေထူးကတော့ သူမရဲ့ အသားအရေနဲ့ အလှအပလေးတွေကိုတောင် အပင်ပန်းခံပြီး ဂရုစိုက်ပေးတဲ့အကြောင်းလေးကို ချစ်ပရိသတ်တွေကို ပြောပြလာခဲ့တာ ဖြစ်ပါတယ်နော်..။


ရွှေထူးတစေ်ယာက်ကတော့ အိပ်နေတဲ့ ဇနီးချောလေးရဲ့ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ကာ မိန်းမမျက်နှာ မဲညစ်ညစ်ဖြစ်နေလို့ Clay Mask အထုပ်လေးကို ကိုယ်တိုင်ရှာဝယ်ပြီး မျက်နှာလေးကို Mask လူးပေးကာ ဂရုစိုက်ပေးပြီး သဘောကျတွေ ကျနေတာ ဖြစ်ပါတယ်နော်..။

သူလုပ်ပေးတာလေးကို သူ့ဘာသာသူ သဘောတွေ ကျနေပြီး စိုစိုအိအိလေးဖြစ်သွားတဲ့ ရွှေမှုံလေးရဲ့ ပါးလေးကို အတင်းလိုက်ဖျစ်ကာ အချစ်ပိုနေတာမို့ ရွှေမှုံလေးကတော့ အမြဲလိုလို အရိပ်တကြည့်ကြည့် ဂရုစိုက်တတ်ပေးတဲ့ ရွှေထူးကြောင့် အရမ်းကို ကြည့်နူးပျော်ရွှင်နေတာပါနော်..။

Photo - ရွှေမှုံရတီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။