အာဖဂန် အစ္စလာမ် seeker တစ်ယောက် (Afghan asylum seeker) က အသက်လေးနှစ်ပဲရှိသေးသော ဂျာမန် အစ္စလာမ် centre မှာရောက်နေသော ဒုက္ခသည် အီရတ် ကောင်လေးအား မဖွယ်မရာ ပြုလုပ်ခဲ့သည်ဟု စွတ်စွဲ ခံခဲ့ရသည်။

ကလေး၏ဖခင်သည် သူ့သား ဖိနပ်အား သီးသန့်အိမ်သာ အခန်းအပြင်ဖက်မှာ လွင့်ထွက်နေသည်ကို တွေ့ပြီးနောက် တံခါးကိုဖွင့်လိုက်ရာ အသက် ၂၂ အရွယ်လူငယ်တစ်ယောက်နှင့်အတူ သူ၏သားငယ်အားရှာတွေ့ခဲ့သာ်ဟု တရားရုံးအားလျှောက်တင်ခဲ့သည်။

ဆက်လက်ပြီးတော့ ကလေးငယ်၏ ဖခင်သည် ကလေးငယ်ဘောင်းဘီကျွတ်လျှက်အနေအထားနှင့်တွေ့ခဲ့ပြီး အတူတူတွေ့သော လူငယ်အားမေးကြည့်ရာ ကလေးငယ်အပေါ့သွားဖို့ကူညီနေတာပါဟုပြန်လည်ဖြေကြားခဲ့သောကြောင့်လဲ စိတ်ချလက်ချဖြစ်သွားခဲ့သည် ဟူ၍လည်းထွက်ဆိုခဲ့သည် ဟု Holsteinischer တရားရုံးကပြောကြားခဲ့သည်။

ထိုအချိန်ထိ ဤကိစ္စသည် ဘာမှ မထူးဆန်းခဲ့သော်လဲ ကလေးငယ်မှနေ၍ သူ၏မိခင်အား သူသည် ထိုအတူတူရှိနေခဲ့သော လူငယ်အင်္ဂါပေါ်၌ သူ၏ ပါးစပ်နှင့် မဖွယ်မရာပြုလုပ်ရန် အတင်းအကြပ်စေခိုင်းခံခဲ့ ရသည်ဟုပြောပြခဲ့သည်မှစ၍ တမျိုးတဖုန်ပြောင်းလဲသွားခဲ့သည်။

ထိုကိစ္စကို အမှုဖွင့်ခဲ့သောကြောင့် တရားရုံးစုံစမ်းစစ်ဆေးရေး အဖွဲ့ကစစ်ဆေးခဲ့ရာ ထိုသူ၏ အင်္ဂါပေါ်၌ ကလေးလေး ၏ ဒီအမ်အေ (DNA) ကိုရှာတွေ့ခဲ့သည်။

ထိုအဖြစ်အပျက်သည် Boostedt မြို့ Germany နိုင်ငံတွေဖြစ်ပွားခဲ့ရာ နိုင်ငံ၏ ပြည်သူလူထုကို လန့်ုဖြန့်စေခဲ့သည်။ ထိုကဲ့သို့သောကိစ္စများသည် asylum seekers တွေရဲ့ ပထဆုံးလုပ်ရပ်မဟုတ်သောကြောင့်လဲဖြစ်သည်။

တရားခံသည် ကလေး၏ ဒီအမ်အေ အားသူ့အင်္ဂါတွင်ရှာတွေ့ခဲ့တာတောင်မှ သူသည် ထိုကလေးငယ် ကို အိမ်သာ သွားရန်သာ ကူညီခဲ့ကြောင်းကို ထပ်မံငြင်းဆိုခဲ့သည်။

ထိုတရားခံကို ကူညီခဲ့သော အသက် ၂၉နှစ်အရွယ်သူကို လဲ တရားရုံးက အရေးယူမည်ဖြစ်ကြောင်းလဲပြောခဲ့သည်။ ထိုသူသည် ကလေးငယ်၏ အစ်ကိုအား ဓားဖြင့် ထောက်၍ ခြိမ်းချောက်ခဲ့ သည်ဟုလဲ စွတ်စွဲခံရသေးသည်။

တရားခံအား German Privacy Laws အရ အရေးယူမည်ဖြစ်သည်။

tranalated by Anna

Source: dailymail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။