ကဲ... ဒီတစ်ခုကလည်း ရှားမှရှားတဲ့အဖြစ်ပါပဲနော်။ ဓားပြကလည်း တကယ့်ကို တော်တဲ့ဓားပြ။ သေမယ့်နေ့မှစစ်ထဲကို ဝင်မိပြီးသားဆိုသလို ကံဆိုးမိုးမှောင်ကျခဲ့ရတဲ့ ဓားပြကို အဆိုပါ ဗီဒီယိုဖိုင်လေးထဲမှာတွေ့မြင်နိုင်ပါနော်။ ကားကင်မရာကနေတစ်ဆင့်ရိုက်မိထားတဲ့ Videoဖြစ်ရပ်မှန်လေးလည်းဖြစ်လို့ တော်တော်လည်းရှားပါတယ်နော်။ ဒီဗီဒီယိုဖိုင်လေးဟာ အတော်လေးကြာပြီဖြစ်ပြီးတော့ လူမှုကွန်ယက်ပေါ်မှာလည်း ပျံ့နှံ့ခဲ့ဖူးပါသေးတယ်။ ဒီအမှုရဲ့ အခြေတည်ရာကတော့ USနယ်ပယ်အပိုင်းထဲမှာရှိတဲ့ Pennsylvaniaပြည်နယ်မှာဖြစ်ပွားခဲ့တာပါနော်။

ဗီဒီယိုရဲ့အစမှာတော့ တက္ကစီကားဒရိုက်ဘာတစ်ယောက်ဟာ ကားအေးအေးဆေးဆေးမောင်းလာနေတာကိုတွေ့ရမှာပါနော်။ အဲ့ဒီအချိန်မှာ ရွှေဉာဏ်တော်ကွန့်မြူးတဲ့ ဓားပြဟာ ကားနောက်ခန်းထဲမှာရောက်နှင့်နေခဲ့ပြီဖြစ်ပြီး ကားသမားကတော့ သတိထားမိဟန်မတူပါဘူးနော်။ အဆိုပါ ဓားပြဟာ မျက်နှာတစ်ခုလုံးကို အဝတ်တွေစည်းပြီးတော့လည်းရုပ်ဖျက်ထားပါသေးတယ်။သူဟာ ကားလမ်းမီးပွိုင့်မိတဲ့အခါမှာတော့ ကားနောက်ခန်းထဲမှာ ဝပ်ပြီးလိုက်လာတဲ့ ကိုရွှေဓားပြဟာ လှုပ်ရှားမှုတွေစတင်လာခဲ့ပါတယ်နော်။

ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဆိုသလို စတောင်မစရသေးဘဲ ကိုရွှေဓားပြတစ်ယောက်အကြီးအကျယ်ဒုက္ခတွေ့ခဲ့ရပါတယ်နော်။ မီးပွိုင့်မိတဲ့အချိန်မှာ Victor Martinez-Herrera,ဆိုတဲ့ အသက်၁၈နှစ်အရွယ်ဓားပြဟာ ကားနောက်ခန်းကနေထွက်ပြီး သေနတ်တစ်လတ်နဲ့ ကားသမားဆီက ပိုက်ဆံကိုလုယက်နေခဲ့ပါတယ်နော်။ လုလို့တောင်မဆုံးသေးဘူး စက္ကန့်ပိုင်းအတွင်းမှာပဲ ကံဆိုးစွာပဲချွင်းချက်မရှိတန်းပြီးအဖမ်းခံခဲ့ရပါတယ်နော်။ ဘာဖြစ်လို့လဲဆိုတော့ သူ့တို့ကားရဲ့နောက်မှာရဲကားတစ်စီးဟာလည်း အလားတူမီးပွိုင့်ပိတ်နေခဲ့တာပဲဖြစ်ပြီး ရှေ့ကားမှာဖြစ်နေတဲ့ ရုတ်ရုတ်သဲသဲကိစ္စတွေကို သွားကြည့်ရင်းကနေ အမှတ်မထင်ဖမ်းမိခဲ့တာပဲဖြစ်ပါတယ်နော်။ ရှေ့မကြည့်နောက်မကြည့်နဲ့အချိန်ကောင်းအခါကောင်းမရွေးတတ်တဲ့ ကိုရွှေဓားပြမှာတော့ မျက်စိတစ်မှိတ်အတွင်း ထောင်နန်းစံသွားခဲ့ရပါပြီနော်။ ကဲ... ချစ်ပရိတ်သတ်တွေအတွက် တစ်နေ့တာပင်ပန်းမှုလည်းပြေလျော့စေ ဗဟုသုတလည်းတိုးစေဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ ယခုသတင်းဗီဒီယိုဖိုင်လေးကိုပါ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : RT en español 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။