ပြီးခဲ့တဲ့ ဝုဗ်နဲ့ပွဲမှာ ပယ်နတီမဝင်ခဲ့တာကြောင့် သရေရလဒ်သာကျေနပ်ခဲရတဲ့မန်ချက်စတာယူနိက်တက်အသင်းဟာ ဒီပတ်ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာလည်းရှုံးနိမ့်ခဲ့ပါတယ်။ဒီပွဲမှာလည်းပယ်နတီမဝင်ခဲ့တာကြောင့်ရှုံးနိမ့်မှုနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ဒီပွဲအရှုံးကြောင့်မန်ယူအသင်းဟာဝေဖန်မှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။

မန်ယူအသင်းဟာအကောင်းဆုံးလူစာရင်းနဲ့အိမ်ကွင်းမှာအနိုင်ရဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်လည်းပဲ့လေ့စ်အသင်းကအကောင်းဆုံးပုံစံနဲ့ကစားခဲ့တာကြောင့်မန်ယူအသင်းဂိုးရဖို့ခက်ခဲခဲ့တာပါ။ပဲလေ့စ်ရဲ့အမာကျောဆုံးကစားကွက်တွေက မန်ယူအသင်းခက်ခက်ခဲခဲကစားခဲ့ရပြီး ၃၂မိနစ်မှာတော့ ပဲလေ့စ်အသင်းရဲ့သွင်းဂိုးကိုခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်ပထမပိုင်းပွဲကစားချိန်အပြီးမှာ (ဝ-၁)နဲ့ရှုံးနိမ့်နေခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စချိန်မှာတော့ မန်ယူအသင်းဟာ ခြေပဂိုးရဖို့ကြိုးစားခဲ့ပေမယ့်ပဲလေ့စ်နောက်တန်းကိုမကျော်ဖြတ်နိုင်ခဲ့ပါတယ်။ဒါပေမယ့်တောက်လျောက်တိုက်စစ်ဆင်ရင်းမိနစ်၇၀မှာပယ်နတီရခဲ့ပေမယ့် ရက်ဖိုဒ်ကန်သွင်းရာမဝင်ခဲ့တာကြောင့်နစ်နာခဲ့ရပါတယ်။ဒါပေမယ့်ပွဲကစားချိန်၈၉မိနစ်မှာ ဂျိမ်းကမန်ယူအသင်းအတွက်ခြေပဂိုးသွင်းယူခဲ့ပေမယ့် အချိန်ပိုနောက်ဆုံးမိနစ်မှာပဲလေ့စ်အသင်းကအနိုင်ဂိုးသွင်းယူခဲ့တာကြောင့်မန်ယူအသင်းကအိမ်ကွင်းမှုရှုံးပွဲနဲ့ကြုံတွေ့ခဲ့ရပါတယ်။

Source:Manchester United 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။