"သင်္ချိုင်းမြေပေါ်မှာ အိမ်မဆောက်ကောင်းဘူး " လို့ ရှေးလူကြီးတွေပြောတာ အားလုံးကြားဖူးကြမှာပါ။ ဆောက်တော့ဘာဖြစ်လဲ? ဆိုရင်တော့ ဒီလိုတွေဖြစ်တက်ပါတယ်။ ဒီတစ်ခုက သင်္ချိုင်းမြေပေါ်မှာ အစီအစဉ်တကျနဲ့ အိမ်တွေဆောက်မိလို့ တစ်မြို့လုံး စွန့်ရတဲ့အထိ အခြေအနေဆိုးခဲ့ရတဲ့ စန်ဇီမြို့ရဲ့အကြောင်းပါ။ ထိုင်ဝမ်နိုင်ငံရဲ့မြောက်ပိုင်းမှာလုပ်ခဲ့တဲ့ စန်ဇီမြို့တော် အိမ်ရာစီမံကိန်းတစ်ခုကြောင့် ဒီလိုတွေဖြစ်ခဲ့ရတာပါနော်။

ရည်ရွယ်ချက်ကတော့ အပန်းဖြေမြို့တော်ဆိုတဲ့အတိုင်း တိုင်းတပါးဧည့်သည်တွေအတွက်ရည်ရွယ်ပြီးတော့ ပြာလုပ်ခဲ့တာပဲဖြစ်ပြီးတော့ အိမ်ဒီဇိုင်းတွေကိုလည်း UFO အာကာသယာဉ် ပုံစံတွေအဖြစ်တည်ဆောက်ခဲ့ပါတယ်နော်။ ကမ်းခြေမှာလည်းအပန်းဖြေရင်း ဒီဇိုင်းဆန်းဆန်းနဲ့မြို့လေးထဲမှာပျော်လို့ရအောင် (၁၉၇၈)လောက်မှာ တည်ဆောက်ခဲ့ကြပေမယ့် (၁၉၈၀) လောက်မှာတော့ မြို့နေလူတွေဟာ မြို့ကိုစွန့်ခွာထွက်ပြေးကုန်ကြပါတယ်။

အကြောင်းအရင်းကတော့ လျို့ဝှက်ဆန်းကြယ်စွာနဲ့ လူပေါင်းများစွာသေကြေပျက်စီးခဲ့ပြီး တစ်နေ့ကို ၂ ယောက် ၃ ယောက်လောက်အသက်တွေ ပဟေဋ္ဌိဆန်စွာစတေးနေရလို့ပါပဲ။ နောက်ဆုံး ဒါတွေရဲ့ အဓိကတရားခံကိုရှာတဲ့အခါမှာ သူတို့တည်ဆောက်ထားတဲ့ သချိၤုင်းမြေကြောင့်ဖြစ်တယ်လို့ အဖြေရခဲ့ကြပါတယ်။ သင်္ချိုင်းမြေကို လုပ်ချင်တာလုပ်မိလို့ တစ်မြို့လုံး တစ္ဆေသရဲတွေရဲ့ ပညာပြမှုကိုကောင်းကောင်းကြီးခံနေခဲ့ရတာပါလို့လည်း ကိုယ်တွေ့ ကြုံခဲ့ရသူတွေကဆိုခဲ့ကြပါတယ်။ ဒါကြောင့်အခုအချိန်မှာဆိုရင် ဒီဇိုင်ခပ်လန်းလန်းနဲ့ အာကာသယာဉ်ပုံစံတည်ဆောင်ထားတဲ့ ဟောင်းလောင်းပေါက်အိမ်တွေကို စန်ဇီမြို့မှာတွေ့မြင်နိုင်အုန်းမှာပါနော်။ အစိုးရကလည်းပိတ်ပင်ထားတဲ့နေရာဖြစ်လို့ အခုအချိန်ထိ လူသူဘယ်သူမှမနေကြသေးပါဘူးတဲ့နော်။ကဲ... ဒီတစ်ခုက တကယ့်ကိုစိတ်ဝတ်စားစရာပဲ မဟုတ်လား ပရိတ်သတ်တို့ရေ....

Source

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။