ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ဟာဆိုရင် အနုပညာလောကထဲကိုဝင်ရောက်လာတာ ဆယ်စုနှစ်တစ်စုစာလောက်ရှိနေပါပြီနော်။တစ်ခေတ်တစ်ခါတည်းက ညှို့တတ်တဲ့မျက်လုံးလှလှလေးကို ပိုင်ဆိုင်ထားတယ်လို့ ပရိသတ်တွေကပြောကြပြီး သင်ဇာဝင့်ကျော်ကသူမတူတဲ့အလှပိုင်ရှင်လေးပါ။အခုချိန်မှာဆိုရင်တော့ သင်ဇာက ပရိသတ်အင်အားအခိုင်အမာနဲ့အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

သင်ဇာ့ကို ချစ်တဲ့ပရိသတ်ကြီးကလည်း သင်ဇာဘာလုပ်လုပ် တစ်ခဲနက်ကိုဝန်းရံပေးကြတာပါနော်။သရုပ်ဆောင်မော်ဒယ်လ်တစ်ယောက်ဖြစ်တာကြောင့် ခေတ်နဲ့လျော်ညီစွာဝတ်စားဆင်ယင်တတ်တဲ့ သင်ဇာက sexy ဆန်တဲ့ဖက်ရှင်လေးတွေလည်း လိုက်ဖက်ညီစွာဝတ်ဆင်တာဖြစ်ပါတယ်။ပွဲအခမ်းအနားတစ်ခုကို တက်ရောက်လာတိုင်း သင်ဇာရဲ့သူမတူတဲ့ဖက်ရှင်ဒီဇိုင်းတွေကို ပရိသတ်တွေက ရင်ခုန်စွာနဲ့စောင့်မျှော်ကြည့်ရှု့နေကြတာပါနော်။

လူလေးကလည်းလှသလို စိတ်ထားကလည်းဖြူစင်မွန်မြတ်တဲ့သင်ဇာက မွန်ပြည်နယ်ရေဘေးအတွက် အလှူငွေကောက်ခံကြတဲ့ ပရဟိတပွဲလေးမှာလည်း အနုပညာမောင်နှမတွေနဲ့အတူ ပါဝင်ခဲ့ပါသေးတယ်နော်။အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေကို ဖော်ရွေစွာဆက်ဆံပြီး ပျော်ရွှင်နေတဲ့သူမပုံရိပ်လေးက ရင်အေးစရာပါနော်။မွန်ပြည်နယ်ရေဘေးအတွက် တစ်စိတ်တစ်ပိုင်းပါဝင်ထားတဲ့သင်ဇာ့ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါရစေနော်။

Source:Thin Zar Wint Kyaw/Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။