ထိုင်းနိုင်ငံမှာကျင်းပနေတဲ့အာစီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွေကတော့ ဆီမီးဖိုင်နယ်အဆင့်ကိုရောက်ရှိလို့လာပြီဖြစ်ပါတယ်။ဆီမီးဖိုင်နယ်ပွဲစဉ်ရောက်ရှိလာတဲ့ မြန်မာအသင်းကတော့ ဒီနေ့မှာ ထိုင်းအမျိုးသမီးအသင်းနဲ့ညနေ၅:၃၀မှာယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။မြန်မာအမျိုးသမီးအသင်းအနေနဲ့တော့ ဗိုလ်လုပွဲရောက်ဖို့ဆိုခက်ခက်ခဲခဲယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

မြန်မာအသင်းဟာအုပ်စုပွဲ၃ပွဲမှာ ဗီယက်နမ်အသင်းတစ်သင်းကိုသာရှုံးနိမ့်ခဲ့တာကြောင့် အုပ်စုဒုတိယနဲ့ဆီမီးဖိုင်နယ်ကိုတက်ရောက်လာတာပါ။ထိုင်းအသင်းကတော့ အုပ်စုပွဲစဉ်တိုင်းမှာ ဂိုးပြတ်နိုင်ပွဲတွေနဲ့ ဆီမီးဖိုင်နယ်ကိုတက်ရောက်လာတာပါ။ဒီနှစ်သင်းတွေ့ဆုံတိုင်းလည်းအကြိတ်အနယ်နဲ့ပြိုင်ဆိုင်မှုပြင်းထန်တာကြောင့် ပရိသတ်အကြိုက်ပွဲကောင်းတစ်ပွဲဖြစ်လာတော့မှာပါ။

မြန်မာအသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ ဗီယက်နမ်အသင်းကိုရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒီနေ့ပွဲမှာ အကောင်းဆုံးခြေစွမ်းတွေပြဖို့လိုအပ်နေတာဖြစ်ပါတယ်။ထိုင်းအမျိူးသမီးအသင်းဟာအာစီယံအင်အားကြီးအသင်းဖြစ်ပြီး ကမ္ဘာဖလားပြိုင်ပွဲတောင်ဝင်ရောက်ယှဉ်ပြိုင်ဘူးတဲ့အသင်းဖြစ်ပါတယ်။ဗိုလ်လုပွဲရောက်ဖို့ဆို ဘယ်လိုခြေစွမ်းတွေနဲ့ ခက်ခက်ခဲခဲထိုင်းကို အနိုင်ယူမလဲဆိုတာကတော့ စောင့်မျှော်အားပေးကြပါဦးနော်။

Source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။