ပရိသတ်ကြီးရေ တေးသံရှင်ချမ်းချမ်းဟာဆိုရင် ပြိုင်ပွဲတွေကနေတဆင့် ပရိသတ်တွေရဲ့ရင်ထဲကိုရောက်ရှိလာတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ချမ်းချမ်းကတော့ အသံချိုချိုလေးကိုပိုင်ဆိုင်ထားပြီး သူမသီဆိုထားတဲ့အချစ်သီချင်းလေးတွေကလည်း ပရိသတ်တွေအရမ်းကြိုက်ကြလို့ ယနေ့အချိန်ထိ ခေတ်စားနေဆဲပဲဖြစ်ပါတယ်။ချမ်းချမ်းက အခုချိန်ထိလည်း အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေဆဲပါနော်။

ချမ်းချမ်းကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်ကြီးလည်းအခိုင်အမာရှိတာဖြစ်လို့ အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ရပ်တည်နေတာဖြစ်ပါတယ်။ချမ်းချမ်းကတော့ သမီးလေးတစ်ယောက်ကိုမွေးဖွားထားပြီး သမီးလေးကလည်းချမ်းချမ်းနဲ့တူပါတယ်နော်။ဆံပင်ကောက်ကောက်လေးတွေနဲ့အရမ်းချစ်စရာကောင်းတဲ့ သမီးလေးကို ပရိသတ်တွေကလည်းချစ်ကြပါတယ်။

ချမ်းချမ်းကတော့ သမီးလေးကို သေချာပြုစုပျိုးထောင်ပေးနေပြီး သမီးလေးကိုလည်း သူမသွားလေရာကိုခေါ်သွားတတ်ပါတယ်။မြမိုးဂဂါၤလေးကလည်း ၆နှစ်အရွယ်ရောက်ပြီဖြစ်လို့ ကျောင်းလည်းတက်နေပါပြီနော်။အခုဆိုရင်တော့ ချမ်းချမ်းတို့သားအမိနှစ်ယောက်က"သားအမိနှစ်ယောက် ငါးမုန့်ကြော် ကိုလျှာပေါ်တင်ပြီး..စူးကနဲဖြစ်တာကို ဘယ်သူအကြာဆုးံခံနိုင်လဲ..ဆော့ကြတာ...ပါးစပ်ကြီးတေ ဟ ပြီးတယောက်နဲ့တယောက်ကြည့်ပြီး..ရီကြတာ..ပျော်စရာကြီး..."ဆိုပြီး ပျော်နေကြတဲ့ပုံရိပ်လေးကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Chan Nyein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။