အကယ်ဒမီမင်းသီးချောလေး အိန္ဒြာကျော်ဇင်ကတော့ ပြည်သူချစ်ရွှေမင်းသမီးလေးဖြစ်ပါတယ်။အနုပညာလောကမှာခေတ်တစ်ခေတ်ကနေ ယနေ့ခေတ်ထိ ၁၀စုနှစ်တိုင်တိုင် ပရိသတ်တွေရဲ့ရင်ကိုစိုးမိုးနိုင်ခဲ့တဲ့ အူဝဲကတော့ ယနေ့အချိန်ထိလည်း မြန်မာပြည်ရဲ့ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေတာကို ပရိသတ်ကြီးလည်းသိပါတယ်နော်။ပရိသတ်အင်အားအများအပြားရှိတဲ့အူဝဲက အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေဆဲဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်ဟာဆိုရင် ပျော်ရွှင်စရာမိသားစုလေးမှာ ချစ်ခင်ပွန်းရယ် သားသမီးနှစ်ယောက်ရယ်နဲ့အတူ အေးချမ်းစွာနေထိုင်နေတာပဲဖြစ်ပါတယ်။အရမ်းသဘောကောင်းပြီးဖော်ရွေတတ်တဲ့အူဝဲက ရိုးရိုးလေးနဲ့ဖြူစင်တဲ့အမျိုးသမီးတစ်ယောက်ပါနော်။အခုထိလည်း လှပနုပျိုနေဆဲဖြစ်ပြီး မြန်မာပြည်ရဲ့အလှဘုရင်မလို့တောင် ပရိသတ်တွေက တင်စားထားကြတာဖြစ်ပါတယ်။အူဝဲရဲ့ကျော့ရှင်းလှတဲ့ကျက်သရေရှိမှုတွေက မြင်သူတကာငေးမောသွားရပါတယ်နော်။

အူဝဲနဲ့ပြေတီဦးတို့ဇနီးမောင်နှံက အနုပညာအလုပ်မှာလည်း ရှေ့သွားနောက်လိုက်ညီသလို စိတ်ရင်းစေတနာကောင်းတဲ့နေရာမှာလည်း နှစ်ယောက်လုံးကစိတ်ထားမွန်မြတ်ကြပါတယ်။မနေ့ကပြုလုပ်တဲ့ မွန်ပြည်နယ်ရေဘေးအတွက် ပရဟိတပွဲလေးမှာ အူဝဲကလည်း ငွေဖလားကြီးကိုင်ပြီး အလှူငွေကောက်ခံသလို ချစ်ခင်ပွန်းပြေတီဦးကလည်း ဘောလုံးကန်ခဲ့ပါတယ်နော်။ဇနီးမောင်နှံနှစ်ယောက်ကတော့ မွန်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် ရံပုံငွေ ဘောလုံးပွဲမှာ တထောင့်တနေရာကနေ ကူညီပေးဖြစ်ခဲ့ကြပါတယ်နော်။

Source:Eaindra Kyaw Zin/Photo:Alinn Yaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။