ချစ်ပရိတ်သတ်တွေ အရမ်းချစ်ကြလွန်းလို့ ချစ်စနိုးလေးနဲ့ အူဝဲလို့ခေါ်ခေါ်နေကြတဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ဟာ မြန်မာနိုင်ငံမှာ ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ မင်းသမီးချောတွေထဲကတစ်ယောက်ပါပဲနော်။ သူမတူအောင် ပီပြင်တဲ့အကယ်ဒမီရှော့ခ့် အိုက်တင်တွေနဲ့ ကျရာဇာတ်ရုပ်ပေါ်မှာ အကောင်းပုံ ပုံဖော်သရုပ်ဆောင်နိုင်တဲ့ မွေးရာပါပါရမီထူးတွေကြောင့် အကယ်ဒမီဆုပေါင်းများစွာကိုလည်း ရရှိပိုင်ဆိုင်ထားရပါတယ်နော်။

သူမဟာ လက်ရှိမှာဆိုရင် သားသားမီးမီးလေးတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုကမ္ဘာလေးကိုပိုင်ဆိုင်ထားပြီးတော့ လူတိုင်းအားကျငေးမောနေရတဲ့ မိသားစုလေးဖြစ်နေခဲ့ရပါတယ်နော်။ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုအပြည့်နဲ့ ရွှေလက်တွဲထားကြတဲ့ အူဝဲတို့ဇနီးမောင်နှံဟာလည်း ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးခြင်းကိုတစ်ခဲနက်ရရှိပိုင်ဆိုင်ထားသလို နှစ်ယောက်သားအနုပညာအလုပ်တွေကို တက်ညီလက်ညီနဲ့လုပ်နေဆဲပါပဲနော်။

အခုအချိန်ထိ ပြစ်မျိုးမှည့်မထင်လှလို့နေဆဲဖြစ်တဲ့ အူဝဲဟာ သူမရဲ့ချစ်ပရိတ်သတ်တွေအတွက် ပွဲတစ်ခုတက်ဖို့ နောက်ကွယ်မှာဘယ်လိုပြင်ဆင်ရလဲဆိုတာကို ပုံလေးတွေရိုက်ပြီးမျှဝေပေးခဲ့ပါတယ်နော်။ အားလုံးရဲ့အမြင်မှာ နတ်သမီးလေးတမျှ ကျော့ကျော့လေး လှပလို့နေအောင်လို့ မင်းသမီးတစ်ယောက်အနေနဲ့ ဘယ်လိုတွေအချိန်ပေးပြီး ပြင်ဆင်ရသလဲဆိုတာကို သူမရဲ့ချစ်ပရိတ်သတ်တွေသိရအောင် ပြောပြခဲ့တာပဲဖြစ်ပါတယ်နော်။ ပရိတ်သတ်တွေကတော့ ဘယ်လိုနေနေလှနေတဲ့ အူဝဲကို ချစ်သထက်အချစ်တွေပိုခဲ့ရပြန်ပါတယ်နော်။ ကဲ... အူဝဲကိုချစ်ခင်တဲ့ ပရိတ်သတ်တွေအတွက် သူမတင်ပေးထားတဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Source : Eaindra Kz

Photo Crd: ALinn Yaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။