ပရိသတ်ကြီးရေ မကြာသေးခင်ကမှ ကျရောက်ခဲ့တဲ့ရေဘေးဒဏ်ကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ မွန်ပြည်နယ်ရဲ့သတင်းကို အားလုံးပဲသိကြမယ်ထင်ပါတယ်။ ရေဘေးကြောင့် ဒုက္ခရောက်ခဲ့ကြတဲ့ မြို့နယ်လေးတွေကို ကူညီကယ်ဆယ်ရေးတွေ တောက်လျှောက်ပြုလုပ်လျှက်ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။

ယခုအချိန်မှာဆိုရင်တော့ မွန်ပြည်နယ်ရဲ့မြို့နယ်လေးတချို့ပြန်လည်ထူထောင်နိုင်ရေးအတွက် ပြည်သူများအားလုံး ကိုယ်တတ်နိုင်တဲ့နေရာကနေ ဝိုင်းဝန်းကူညီပေးလျှက်ရှိနေတာပဲ ဖြစ်ပါတယ်နော်။ ထိုပြန်လည်ထူထောင်နိုင်ရေး လုပ်ငန်းတွေအတွက်ရန်ပုံငွေများရရှိအောင် ပြည်သူများသာမက ပရိသတ်အချစ်တော် အနုပညာရှင်များပါ ဝိုင်းဝန်းဆောင်ရွက်ပေးနေတာကို တွေ့မြင်ကြရမှာပဲ ဖြစ်ပါတယ်နော်။ သြဂုတ်လ ၂၅ ရက်နေ့က သုုဝဏ္ဏဘောလုံးကွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ မွန်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေဘောလုံးပွဲလေးကို အနုပညာရှင်များစုပေါင်းကျင်းပခဲ့ကြတာပဲ ဖြစ်ပါတယ်။

ထိုပွဲလေးကို ဝိုင်းဝန်းကူညီပေးကြတဲ့ အနုပညာရှင်များစွာထဲမှာ ပရိသတ်အချစ်တော်မလေး ဝါဆိုမိုးဦးတစ်ယောက်လဲ အပါအဝင်ပဲ ဖြစ်ပါတယ်။ ကလေးဘဝထဲက သရုပ်ဆောင်အလုပ်တွေကို လုပ်ကိုင်ခဲ့ကာ အားပေးချစ်ခင်ကြတဲ့ ပရိသတ်အခိုင်အမာများစွာရရှိပိုင်ဆိုင်ထားသူ တစ်ယောက်ဖြစ်ပါတယ်နော်။ စိတ်ထဖြူစင်ပြီး ဒုက္ခရောက်တဲ့သူတွေကို ကူညီတတ်တဲ့သူမကတော့ ယခုပွဲလေးမှာဆိုရင်လဲ ထိပ်ဆုံးကနေ ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးလျှက်ရှိတာကို အားလုံးပဲတွေ့မြင်ကြမယ်ထင်ပါတယ်။ထိုရန်ပုံငွေပွဲလေးအတွက် ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးနေတဲ့ မင်းသမီးချောလေး ဝါဆိုရဲ့ ပုံရိပ်လေးတွေနဲ့အတူ အမှန်တကယ် အကူအညီလိုအပ်တဲ့ ပြည်သူတွေကို ဝိုင်းဝန်းကူညီပေးလိုက်ရလို့ ပျော်ရွှင်နေကြတဲ့ အလှူရှင်များရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးမြင်တွေနိုင်ရန်အတွက်ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်။

Source-War So Moe Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။