ချစ်ပရိတ်သတ်တို့ရေ... နှုတ်ခမ်ထောင့်လေးမှာ မှဲ့နက်လေးပါပြီးတော့ အနုပညာလောကမှာ ပရိတ်သတ်တွေပေးတဲ့နေရာတစ်နေရာကို ခိုင်ခိုင်မာမာရရှိထားသူလေးကတော့ မင်းသမီးချောလေးပွင့်နဒီမောင်ပါပဲနော်။ သူမဟာ သရုပ်ဆောင်တင်ကောင်းတာမဟုတ်ဘဲ လူမှုကူညီရေးလေးတွေကို လည်း တက်နိုင်တဲ့ဘက်ကနေ ပရဟိတအနေနဲ့ ပါဝင်ကူသိုလ်ယူတတ်တဲ့ စိတ်ထားကောင်းလေးကိုလည်း ပိုင်ဆိုင်ထားပါတယ်နော်။

သူမဟာ အပေါင်းအသင်းကောင်းပြီ ညီပြီဆိုတာနဲ့ ပရဟိတအလုပ်လေးတွေကို မအားတဲ့ကြားကနေ အချိန်လုပြီးတော့ လုပ်တတ်သူလေးပါပဲနော်။ ငွေအားနဲ့တင်မဟုတ်ဘဲ လူကိုယ်တိုင်ပါဝင်ပြီးတော့ ကုသိုလ်ယူတတ်သူလေးဖြစ်လို့ သူမရဲ့ဖြူစင်တဲ့လုပ်ဂပ်လေးတွေက ပရိတ်သတ်တွေကိုအချစ်တွေတိုးသထက်တိုးစေခဲ့ပါတယ်နော်။ ဒီတစ်ခါမှာလည်း သူမဟာ သူမရဲ့ သူငယ်ချင်းတွေနဲ့အတူတူ လတ်တလောမှာ ရေဘေးသင့်ခြင်းဒုက္ခကို အကြီးအကျယ်ခံစားနေရတဲ့ မွန်ပြည်နယ်ဘက်က ပြည်သူတွေအတွက် တတ်နိုင်တဲ့ဘက်ကနေပါဝင်ပြီး အလှူလေးသွားလုပ်နေခဲ့ပါတယ်နော်။

အမြန်လိုလျှင် အနှေးဖြစ်တတ်တယ် ဆိုတဲ့ စကားလို သူမတို့သူငယ်ချင်းတစ်သိုက်မှာ လှူချင်တန်းချင်စိတ်တွေက ပြင်းပြနေပေမယ့် လမ်းမှာမမျှော်လင့်တဲ့ ကိစ္စတစ်ခုကြောင့်ခရီးဖင့်ခဲ့ရပါတယ်နော်။ အဲ့ဒါကတော့ သူမတို့စီးလာတဲ့ ကားဟာ ကားဘီးပေါက်ပြီးတော့ အတော်ကြာကြာလမ်းမှာနားခဲ့ရပါတယ်နော်။ဒါပေမယ့်လည်း သူမတို့ဟာ မလျော့သောဇွဲတွေနဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် တတ်နိုင်တဲ့ဘက်ကနေကူညီဖို့ခရီးဆက်ခဲ့ကြပါတယ်နော်။ကဲ... ရည်ရွယ်ကောင်းကောင်းနဲ့ အလှူအတန်းလုပ်ဖို့သွားနေကြတဲ့ ပွင့်နဒီမောင်တို့ သူငယ်ချင်းတစ်စု လမ်းခရီးမှာ အန္တရာယ်ကင်းဖို့ ဆုတောင်းပေးလိုက် ကြပါအုန်းချစ်ပရိတ်သတ်တို့ရေ....

Source : Pwint Nadi Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။