ပရိသတ်ကြီးရေ ခေတ်နဲ့သစ်ရဲ့မေမေဖြစ်တဲ့ချစ်သုဝေကတော့ အရမ်းချစ်စရာကောင်းတဲ့သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားသလို ချစ်ခင်ပွန်းလင်းလင်းကလည်း ကြင်နာယုယမှုတွေအပြည့်ပေးတာကြောင့် နွေးထွေးတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ချစ်သုဝေရဲ့ မိသားစုလေးက အရမ်းပျော်ရွှင်စရာကောင်းလွန်းလို့ ခေးမေမေချစ်သုဝေလည်း စိတ်ပျိုကိုယ်နုဆိုသလို အရမ်းလှနေတာဖြစ်ပါတယ်နော်။

ချစ်သုဝေကတော့ သမီးလေးတွေကိုလည်း သေချာဂရုစိုက်စောင့်ရှောက်ပြီး အပြည့်အဝပြုစုပေးတဲ့မိခင်ကောင်းဖြစ်ပါတယ်။ခေတ်နဲ့သစ်လေးကို ပြုစုပေးနေရပေမယ့်လည်း မေမေချစ်သုဝေက အလှမပျက်ဘဲ တစ်နေ့တစ်ခြားပိုပိုချစ်စရာကောင်းလာတာကိုပရိသတ်ကြီးလည်း တွေ့ရမှာပါနော်။ခေတ်နဲ့သစ်ကလည်း မေမေလိုပဲအရမ်းချစ်စရာကောင်းတာကြောင့် ပရိသတ်တွေကလည်း အရမ်းချစ်ကြပါတယ်။

သမီးလေးတွေကိုလည်း အချိန်အပြည့်အဝပေးသလို အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ဖိတ်ကြားတဲ့ပွဲအခမ်းအနားတွေကို တက်ရောက်နေဆဲဖြစ်ပါတယ်။အခုဆိုရင်လည်း မေမေချစ်သုဝေက ပွဲအခမ်းအနားတစ်ခုကို ဘာဘီအရုပ်မလေးလိုပြင်ဆင်ပြီး တက်ရောက်လာတဲ့ပုံရိပ်လေးတွေက အရမ်းပဲချစ်စရာကောင်းနေပါတယ်နော်။ပွဲကနေ အိမ်ပြန်ရောက်ချိန်မှာတော့ သမီးလေးတွေကို ရင်ခွင်ထဲထည့်ပြီး ပျော်ရွှင်နေကြတဲ့ သားအမိသုံးယောက်ရဲ့ပုံရိပ်လေးတွေကို မျှဝေပးလိုက်ပါရစေနော်။

Source:Chit Thu Wai/Photo:Alinn Yaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။