ချစ်စရာကောင်းတဲ့အမူအရာလေးတွေနဲ့ ပရိသတ်ကြီးရဲ့အချစ်တွေကို ဖမ်းစားထားသူလေးကတော့ သရုပ်ဆောင်ခင်လှိုင်ရဲ့သမီးချောလေး သဇင်ထူးမြင့်ပဲ ဖြစ်ပါတယ်။ သူမဟာ ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ရွှေကြိုအဖြစ်ပါဝင်ဆောင်ရွက်ရာမှ အနုပညာလောကသို့ ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။ သူမရဲ့အနုပညာအရည်အသွေးဟာလည်း တစ်နေ့ထက်တစ်နေ့ တိုးတက်လာတာပါ။ 

လတ်တလောမှာလည်း ကြော်ငြာများနဲ့ အလှဓာတ်ပုံများရိုက်ကူးနေတာပါ။ မကြာခင်မှာလည်း သရုပ်ဆောင်လုပ်ဖို့အစီစဉ်ရှိတာလည်း ဖြစ်ပါတယ်။ သူမရဲ့အသားအရည်ဟာလည်း ကိုရီးယားမင်းသမီးလေးလို့ထင်မှတ်ရလောက်အောင် လှရက်နိုင်တာကြောင့်လည်း မိန်းကလေးတွေကပါ အားကျနေရတာပါ။

သူမရဲ့သရုပ်ဆောင်မှုကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက် အခုတစ်ခါမှာလည်း Short Film လေးတစ်ခုဝေမျှလိုက်ပြန်ပါပြီနော်။ ဒီဇာတ်လမ်းတိုလေးကို အမြွှာညီအစ်ကိုနှစ်ယောက်နဲ့သရုပ်ဆောင်ထားတာပဲဖြစ်ပြီး " မိုးကိုကြိုက်တဲ့ လူတစ်ယောက်ကို ..နွေရာသီကို ကြိုက်ဖို့ တွန်းအားပေးလို့မရသလို ...နွေရာသီ ကြိုက်တဲ့

သူကလည်း မိုးရာသီရောက်ရင် ..

အလိုလျောက်မုန်းမိနေမှာပဲ ...

ဒီလိုပဲပေါ့...ကိုယ့်ရင်ထဲက မိုးရေတွေထဲ

သူခိုလှုံံနေတယ်လို့ ထင်ပေမယ့်လည်း...

သူ့ရင်ထဲမှာတော့ ..ကိုယ့်အတွက်ဆို လောင်မြိုက်နေတဲ့ မီးတောက်လေးတခုဖြစ်ရင် ဖြစ်နေနိုင်တာပဲ ..

ကိုယ့်စိတ်ထဲမှာ ဘယ်လောက်ပဲ

သူနေရာယူနေပါစေ.....သူ့အတွက် ကိုယ်က

အနှောက်ယှက်တခုဖြစ်နေမယ်ဆို .. သူတွက်

ပင်ပန်းစေတာပေါ့...

အတ္တဆန်ဆန် အချစ်တခုထက် အဝေးကပဲ မင်းရဲ့ အပြုံးလေးကို ဘဲ ကြည့်နေပါရစေ................

#INFATUATION

#ShortFilm

#KinaAlpha#MinKhantKo#MinKhantNyi

#ThazinHtooMyint

#MUA-Calvin Wai Yan " ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေလည်း ဒီဇာတ်လမ်းတိုလေးကို ကြည့်ရှုအားပေးကြပါဦးနော်။

Source- Thazin Htoo Myint And Min Thant Ko 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။