အာဆီယံအမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အိမ်ရှင်ထိုင်းအမျိုးသမီးနှင့် မြန်မာအမျိုးသမီးအသင်းတို့ ယနေ့ ညနေ ၅နာရီ ၃၀မိနစ်က ချွန်ဘူရီမြို့ IPE Stadium တွင် ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ဒီပွဲစဉ်မှာတော့ထိုင်းအသင်းက မြန်မာအမျိုးသမီးအသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲ သို့တက်ရောက်ခဲ့ပါတယ်။

ထိုင်းအသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၁၉မိနစ်တွင်ကျောနံပါတ် ၁၉ စော်ဆိုင်း မှလည်းကောင်း၊ ပွဲချိန် ၈၁ မိနစ်တွင် ကျောနံပတ် ၁၂ ရက်တီကမ်၊ ပွဲချိန် ၈၇ မိနစ်တွင် တိုက်စစ်မှူး ချိုင်ယရက် မှလည်းကောင်းအသီးသီး သွင်းယူပေးခဲ့တာပါ။ မြန်မာအသင်းအတွက်ချေပဂိုးကို အသင်းခေါင်းဆောင်ခင်မာလာထွန်းက ပွဲချိန် ၉၀+၂တွင် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဆီမီးဖိုင်နယ် ပထမပွဲစဉ်တွင် ယှဉ်ပြိုင်ခဲ့သည့် ဗီယက်နမ်-ဖိလစ်ပိုင် ပွဲစဉ်တွင် ဗီယက်နမ်အသင်းက အနိုင်ရခဲ့သည့်အတွက် ဗိုလ်လုပွဲစဉ်ကို ဗီယက်နမ်-ထိုင်းအသင်းတို့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ တတိယလုပွဲအဖြစ် မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ သြဂုတ်လ ၂၇ရက်နေ့ မြန်မာစံတော်ချိန် ၂:၃၀ မိနစ်တွင် ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။ပရိသတ်တွေလည်းမြန်မာအမျိုးသမီးအသင်းကိုအားပေးကြပါဦးနော်။

Source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။