ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသမီးလေးဖြစ်တဲ့ ပပဝင်းခင်ကတော့ လက်ရှိ အနုပညာလောကမှာ အတွေ့ ရနည်းပြီး တစ်ချိန်ကအနပညာလောကမှာ အောင်မြင်ခဲ့သူလေးပဲဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းလို့ သူမရဲ့အပြုံးလေးဟာ သိပ်ကို အေးချမ်းလွန်းသလို အမြဲတမ်း မြန်မာဆန်ဆန် ရိုးရိုးယဉ်ယဉ် ဝတ်စုံလေးတွေကိုသာဝတ်ဆင့်လေ့ရှိသူဖြစ်ပါတယ်။

အနုပညာလောကမှာ တစ်ချိန်ကဒိတ်ဒိတ်ကျဲမင်းသမီးတစ်လက်ဖြစ်တဲ့ ပပဝင်းခင်ကတော့ အနုပညာလောကထဲကို အချိန်အတော်ကြာဝင်ရောက်ခဲ့ပြီး ယခုထိတိုင်အောင်မြင်တဲ့အနုပညာရှင်သရုပ်ဆောင်တစ်ဦးပဲဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးထားပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးမှုများစွာရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။

ယနေ့မှာတော့ ပပဝင်းခင်ဟာ အနီရောင်ဖက်ရှင်လေးနဲ့ ကျက်သရေရှိလွန်းတဲ့ ချစ်စရာပုံရိပ်လေးတွေကို ထုတ်ပြလိုက်ပါတယ်။ ပရိသတ်တွေကို အချစ်တွေကို သိမ်းပိုက်သွားပြီး အသည်းယားစရာကောင်းလွန်းတဲ့ ပပဝင်းခင်ရဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲ ဖြစ်ပြီး ချစ်ပရိသတ်တွေအတွက် အဆိုပါပုံရိပ်လေးကို ဖော်ပြပေးလိုက်ပါတယ်။

source:ပပဝင်းခင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။