"စိတ်၏ခြေရာ"၊ "ကျမကမဟေသီ" စတဲ့ Mrtv-4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ သဘာဝကျကျ ဇာတ်ရုပ်ပိုင်နိုင်စွာ သရုပ်ဆောင်ရိုက်ကူးခဲ့တဲ့ မင်းသမီးဝင့်ယမုံနိုင်ကို ပရိသတ်ကြီးအနေနဲ့ ရင်သက်ရှုမောဖွယ် အားပေးခဲ့ကြရမှာဖြစ်ပါတယ်...။ Mrtv-4 မင်းသမီးဖြစ်ပြီး သူမရဲ့ မြန်မာဆန်ဆန် ဝတ်စုံလေးတွေနဲ့ ရိုးယဉ်စွာလှပနေတာကိုလည်း အားလုံးပဲရှုစားကြရမှာပါနော်....။

သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေ အများဆုံးရိုက်ကူးလေ့ရှိပြီး ၊ ကြော်ငြာအများအပြားကိုလည်း လက်ခံရိုက်ကူးခဲ့တာဖြစ်ပါတယ်။ နောက်ထွက်မယ့် ရုပ်သံဇာတ်လမ်းတွေ အတွက်လည်းကြိုးစား ပြင်ဆင်လျက်ရှိတာဖြစ်ပါတယ်...။ ချစ်စရာအမူအရာလေးတွေနဲ့ လူတိုင်းအပေါ် ရိုးသားဖြူစင်စွာ ပေါင်းသင်းဆက်ဆံတက်တဲ့အတွက်ကြောင့် ယောကျာ်းလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်အားပေးဝန်းရံလျက်ရှိတာဖြစ်ပါတယ်။

ဝင့်ယမုံနိုင်က ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတွေဖြစ်ကြတဲ့ facebook၊ Instagram တို့တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း "အသက်ရှင်ခြင်းမှာ မင်းကအရေးပါလွန်းတယ်" ဆိုတဲ့ status လေးနဲ့အတူ အလှပုံရိပ်တွေကိုထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source Wint Yamone Naing

Photo Credit Love Space Photo Studio

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။