ချစ်ပရိတ်သတ်တို့ရေ...ပျော်ရွှင်စရာကောင်းတဲ့ သားအမိRelationship လေးတစ်ခုကိုပိုင်ဆိုင်ထားတဲ့ အဆိုတော်မလေး အေသင်ချိုဆွေနဲ့ lvyလေးတို့ သားအမိနှစ်ယောက်ဟာ ပရိတ်သတ်တွေရဲ့ အချစ်တော်လေးတွေပါပဲနော်။ အေသင်ဟာ Single Mother တစ်ယောက်ဆိုပေမယ့် သမီးလေးကို ဘယ်တော့မှ မျက်နှာမငယ်ရအောင် အဖေလိုတစ်မျိုး အမေလိုတစ်မျိုး ချစ်ခင်ကြင်နာပေးနေတဲ့ မိခင်ကောင်းတစ်ယောက်ပါပဲနော်။

ကြီးမားလှတဲ့ မိဘမေတ္တာတွေနဲ့ သမီးလေးကို ချစ်ပေး ဂရုစိုက်ပေးခဲ့လို့ အခုဆိုရင် သမီးလေးဟာ ကျောင်းနေတဲ့ အရွယ်လေးကိုတောင်ရောက်လို့နေခဲ့ပါပြီနော်။ အမေတူသမီးလေးဖြစ်တဲ့lvyလေးဟာလည်း ကျောင်းမှာတွေ့တဲ့သူတိုင်းက ချစ်ခင်ကြတဲ့အတဲ့အထိကို လိမ္မာရေးခြားလည်းရှိပြီး မေမေ့ပြောစကားတိုင်းကိုလည်းနာထောင်သူလေးပါနော်။ ဒီလို ချစ်ဖို့ကောင်းတဲ့ သမီးလေးဟာ အခုဆိုရင် အသက်(၂)နှစ်ပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်နော်။

မျက်စိရှေ့မှာတင် အရွယ်ရောက်လို့သွားတဲ့ သမီးလေး lvyဟာ မွေးနေ့လေးမှာ အရမ်းကိုပျော်ရွှင်နေခဲ့ပြီးတော့ လက်ဆောင်တွေလည်းအများကြီးရခဲ့ပါတယ်နော်။ အရမ်းပဲလူချစ်လူခင်ပေါတဲ့ သူလေးဖြစ်တာကြောင့် ရခဲ့တဲ့ အရုပ်တွေဆိုတာကလည်း အိတ်အကြီးတစ်လုံးနဲ့အပြည့်ပါပဲနော်။ အခုလည်း သမီးလေးဟာ Birthday Girlဆိုပြီး ရေးထားတဲ့စလွယ်လေးကိုလွယ်ကာ လက်တစ်ဖက်မှာလည်း slim bagလေးကိုချိတ်လို့ အပျိုတစ်ယောက်လိုပုံစံဖမ်းခဲ့ပြန်ပါတယ်နော်။ lvyလေးရဲ့အမူအကာလေးဟာ အရမ်းကိုချစ်ဖို့ကောင်းတာကြောင့်ပရိတ်သတ်တွေရဲ့အသည်းယားခဲ့ရပါတယ်နော်။ကဲ...သမီးလေးlvyလည်း ဒီနှစ်မွေးနေ့ကစလို့ နောက်နှစ်ပေါင်းများစွာနဲ့ ချစ်တဲ့မေမေနဲ့အတူနေရပြီး မေမေ့ကို သေချာစောင့်ရှောက်ပြုစုနိုင်တဲ့ သမီးကောင်းတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်...

Source : Athen Cho Swe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။