ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသမီးချောလေး သက်မွန်မြင့်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူပဲ ဖြစ်ပါတယ်နော်..။

ချစ်သက်လို့ အားလုံးက ချစ်စနိုးလေးခေါ်ကြတဲ့ ပရိသတ်တွေရဲ့ အသည်းအချစ်တော်လေး သက်မွန်မြင့်ကတော့ လူချစ်လူခင်ပေါများလွန်းတဲ့ အားလုံးရဲ့အသည်းကျော်လေးပါပဲ..။

အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာအပြင် ချစ်စရာကောင်းလွန်းတဲ့ သားလေးနဲ့ သမီးလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပြီး ကြည်နူးပျော်ရွှင်စရာ မိသားစုဘဝလေးကို ဖြတ်သန်းနေသူပဲ ဖြစ်ပါတယ်နော်..။

ချစ်သက်လေးကတော့ ကလေးနှစ်ယောက်ကို မွေးဖွားပြီးတာတောင်မှ တစ်သားမွေး တစ်သွေးလှကာ ဖြစ်ဖို့ကောင်းနေပြီး ကလေးလေးတစ်ယောက်လို ဖြူစင်ပြီး ချစ်ဖို့ကောင်းနေသူပါနော်..။

အခုတစ်ခါမှာလည်း ခေးမေမေတွေရဲ့ အခမ်းအနားပွဲလေးတက်ရောက်ရင်း ကျော့ရှင်းစွာ လှသွေးကြွယ်နေသလို ကလေးလေးတစ်ယောက်လို ချစ်ဖို့ကောင်းနေပုံလေးတွေကတော့ ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်လေနာ်..။

"Tetra Pak ရဲ့Cele မေမေတွေနဲ့ တွေ့ဆုံပျော်ပါး နေ့လည်စာ အတူစား ပွဲလေးမှာ မိခင်တစ်ယောက်အနေနဲ့ရော အနုပညာရှင် အနေနဲ့ရော ပါဝင်ဖြစ်ခဲ့ပါတယ်!

ပျော်စရာ အချိန်လေးတစ်ခုပါပဲ!

ဗဟုသုတတွေလည်း ကိုယ်တိုင်အများကြီးရတဲ့တွက်ရော ကိုယ်သိတာလေးတွေ မျှဝေခွင့် ရတဲ့တွက်ရော ဝမ်းသာရပါတယ်.." ဆိုပြီး အမှတ်တရပုံရိပ်လေးတွေကို မျှဝေထားတာမို့ ပရိသတ်တွေကလည်း သဘောကျနေကြတာ တွေ့ရပါတယ်နော်..။

Photo - သက်မွန်မြင့်၊ Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။